ရှေ့တန်းရောက် PDF တွေအတွက် နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့က ကျည်ကာပြားနဲ့ ဦးထုပ်တွေ တပ်ဆင်ပေး (Photo News)

ရှေ့တန်းရောက် PDF တွေအတွက် နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့က ကျည်ကာပြားနဲ့ ဦးထုပ်တွေ တပ်ဆင်ပေး (Photo News)

စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေတဲ့ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - NPTPDF  ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာ Plate ပြားတွေ တပ်ဆင်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးအဖွဲ့ထံက သိရပါတယ်။

ရှေ့တန်းမှာရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်နဲ့ ကျည်ကာပြားအစုံ  ၁၀၀ ကို အောက်တိုဘာ ၉ ရက်က သွားရောက်တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။

"၁ စုံကို မြန်မာကျပ်နဲ့ဆိုရင် ၁၆ သိန်းလောက် ရှိမယ်။ ပြည်တွင်းပြည်ပအလှူရှင်တွေ ထည့်ဝင်တဲ့ငွေနဲ့ ဝယ်တာပါ။" လို့ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဦးစီးချုပ် ဗိုလ်လက်ျာက ပြောပါတယ်။

ပေးအပ်တပ်ဆင်တဲ့အခမ်းအနားကိုတော့ နေပြည်တော်ကောင်စီနယ်မြေနဲ့ အနီးစပ်ဆုံးရှိ ရှေ့တန်းတနေရာမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

 

#မြေလတ်အသံ

#PhotoNews #ကျည်ကာဦးထုပ် #ကျည်ကာပြား #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10