လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

လက်နက်ကြီးကျည်ထိလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် မနေ့ကညနေပိုင်းပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဘုတလင်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်တဲ့ချိန် သပြေပင်ရွာထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး ယက္ကန်းယက်နေတဲ့ အသက် ၅၀ အရွယ်အမျိုးသမီးရဲ့ ညာဘက်တင်ပါးနဲ့ ခါးတို့ကို ထိမှန်ခဲ့တာပါ။ 

“သူတို့(စစ်ကောင်စီ) လက်နက်ကြီးတွေနဲ့ မပစ်တာတော့ကြာပြီ အခုမှပြန်ပစ်တာ။ ဒဏ်ရာရတဲ့ အမျိုးသမီးကတော့ ဆေးဝါးကုသပေးလိုက်ပါပြီ။ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိဘူး။ ရွာသားတွေလည်း ရွာထဲပြန်ရောက်ကုန်ပါပြီ” လို့ ဘုတလင်မြို့ခံတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေက ဘုတလင်မြို့ပေါ်မှာ စစ်ဆေးရေးဂိတ်တွေချထား သလို ညနေပိုင်းတွေမှာလည်း ကားတွေနဲ့ ကင်းလှည့်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက်ကလည်း ဘုတလင်မြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လွှဲတဲရွာအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတဦး လက်နက်ကြီး ထိမှန်ခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီပစ်လိုက်သည့် လက်နက်ကြီးကျည်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံထိမှန် #အမျိုးသမီးသတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10