လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို ကျပ်သိန်း ၄၀ စီ ချီးမြှင့်

လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို ကျပ်သိန်း ၄၀ စီ ချီးမြှင့်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက်၊ ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-Southern YSO PDF အဖွဲ့ဆီကို စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်လာခဲ့တယ်လို့ အဲ့ဒီအဖွဲ့က နိုဝင်ဘာ ၁ ရက် ဒီမနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ 

အလင်းဝင်လာသူတွေဟာ ပခုက္ကူစက်မှုဇုန်စစ်ဆေးရေးဂိတ်မှာတာဝန်ကျနေတဲ့ ခလရ ၂၅၉ က တပ်သား ပြည့်ဖြိုးအောင်နဲ့ မြောက်လူးကန်စစ်ကောင်စီစခန်းမှာရောက်ရှိနေတဲ့ ခလရ ၂၅၅ တပ်က တပ်သား ကောင်းမင်းခန့်တို့ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်မှာ တပြိုင်တည်းအလင်းဝင်လာတာလို့ ဆိုပါတယ်။ 

"နယ်မြေအခြေအနေကြောင့် ခုနေမှထုတ်ပြန်ရတာပါ။ ဆုငွေကတော့ ပထမပိုင်းလောက် မပေးနိုင်ပါဘူး၊ သိန်း ၄၀ စီပဲပေးနိုင်တယ်။" လို့ ရေစကြိုတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern YSO PDF တာဝန်ခံက ပြောပါတယ်။

ယခင်က လက်နက်နဲ့ အလင်းဝင်လာသူတွေကိုတော့ ကျပ်သိန်း ၇၀ ကျော်လောက်ပေးနိုင်ခဲ့ပေမယ့် လက်ရှိမှာရန်ပုံငွေရရှိမှုနည်းပါးတာကြောင့် မပေးနိုင်တော့တာလို့ ဆိုပါတယ်။ 

အလင်းဝင်လာတဲ့ စစ်သား ၂ ဦးနဲ့အတူ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆန် ၁၂၀ ပါလာတယ်လို့ဆိုပါတယ်။ 

Southern YSO PDF အဖွဲ့ဆီကို စစ်သား၊ ရဲနဲ့ ပျူစောထီးအပါအဝင် အလင်းဝင်ရောက်လာသူဦးရေဟာ  အခုစစ်သား ၂ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦး ရှိပြီလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်သား #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10