လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတဲ့ ချင်းပြည်နယ်က စစ်သား ၃ ဦးကို ဆုငွေသိန်း ၂၀၀ ကျော် ချီးမြှင့်

လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတဲ့ ချင်းပြည်နယ်က စစ်သား ၃ ဦးကို ဆုငွေသိန်း ၂၀၀ ကျော် ချီးမြှင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို ချင်းပြည်နယ်မှ စစ်သား ၃ ဦး ဇန်နဝါရီ ၁၁ ရက်က အလင်းဝင်လာတယ်လို့ သိရပါတယ်။

စစ်သား ၃ ဦးနဲ့အတူ MA 11 သေနတ် ၁ လက်၊ MA 3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်ဘောက် ၆ ခု၊ အီနာဂါ ၄ လုံး၊ ၅.၅၆ ကျည်ဆံ ၄၉၀ တောင့် ယူဆောင်လာကာ လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ထံသို့ အလင်းဝင်ခိုလှုံလာတယ်လို့ ပုလဲပအဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။

"စစ်ရေးအရှိန်ကလည်း တလှိုင်းပြီးတလှိုင်းလာနေတယ်။ အလင်းဝင်လာသူတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ဒါက စစ်ကောင်စီရဲ့ ကျဆုံးခန်းနီးပြီ" လို့ သူကဆက်ပြောပါတယ်။

ပြည်သူ့ရင်ခွင်ထံ အလင်းဝင်ခိုလှုံလာတဲ့ စစ်သား ၃ ဦးကို ပုလဲမြို့နယ်ပအဖနဲ့ ပကဖအဖွဲ့တို့က စစ်သား ၁ ဦးကို ငွေကျပ် ၇၀ သိန်း စုစုပေါင်း ငွေသိန်း ၂၁၀ ကျပ်နဲ့အတူ ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ၁ သိန်းကျပ် ချီးမြှင့်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အခုလို ပြည်သူ့ဘက်ခိုလှုံလာတဲ့ စစ်သား ၃ ဦးနဲအတူ မိသားစုဝင်တွေ ပါဝင်လာပြီး လူဦးရေစုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ရာထူး အမည်နေရပ်တွေကို ကာယကံရှင်တွေရဲ့ သဘောဆန္ဒနဲ့လုံခြုံရေးအရ  ထည့်သွင်းမဖော်ပြရတာလို့ ဆိုပါတယ်။

ပြီးခဲတဲ့ ဒီဇင်ဘာလမှ ဇန်နဝါရီအတွင်း ချင်းပြည်နယ်က ပြည်သူ့ဘက်ခိုလှုံလာတဲ့စစ်သား ၅ ဦးရှိပြီး ပုလဲမြို့နယ် အင်မထီးပျူရွာစခန်းက စစ်သား ၁ ဦး၊ ဇီးဖြူကုန်း ပျူရွာစခန်းကလည်း ပျူ ၁ ဦး လက်နက်နဲ့အတူ အလင်းဝင်လာသလို ယင်းမာပင်ခရိုင်တပ်ရင်းတွေမှာ ၁ ဦးအလင်းဝင်လာတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #ပြည်သူ့ရင်ခွင်ခိုလှုံ #စစ်သည် #လက်နက်ခဲယမ်း # ဆုကြေးငွေပေးအပ် #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10