လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတဲ့ ရဲတပ်သား ၂ ဦးကို CDF-KKG က ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

လက်နက်ခဲယမ်းနဲ့အလင်းဝင်လာတဲ့ ရဲတပ်သား ၂ ဦးကို CDF-KKG က ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးဟာ မတ် ၁၇ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လို့ Chinland Defense Force - Kalay Kabaw Gangaw တပ်ဖွဲ့က ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ၁ ဦးက ၂၄ နှစ်ရွယ်နဲ့ ကျန်တဦးက ၂၅ အရွယ်ရှိပြီး G3 သေနတ်အမျိုးအစား ၂ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည်ဆန် စုစုပေါင်း ၄၇၀ နဲ့အတူ CDF - KKG အဖွဲ့ထံသို့ လာရောက်အလင်းဝင်ခဲ့ရာ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

"တဦးကို သိန်း ၅၀ စီနဲ့ ၂ ဦးအတွက် သိန်း ၁၀၀ ဆုပေးခဲ့ပါတယ်။ စစ်တပ်က ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာတွေလုပ်နေတော့ မကြိုက်တဲ့အတွက် အလင်းဝင်လာတာပါ" လို့ CDF-KKG သတင်းတာဝန်ခံက ပြောပါ တယ်။

လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတဲ့ ရဲတပ်သားနှစ်ဦးကိုလည်း သူတို့ဆန္ဒအတိုင်းလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း ပျူစောထီး ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးစုစုပေါင်း ၅ ဦးက CDF-KKG တပ်ဖွဲ့ထံကို အလင်းဝင်လာတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #ရဲတပ်သား #လက်နက်ခဲယမ်း #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10