လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ စစ်သား၂ ဦးကို NUGက သိန်း ၁၂၀ ကျော်ချီးမြှင့်

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ စစ်သား၂ ဦးကို NUGက သိန်း ၁၂၀ ကျော်ချီးမြှင့်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တပ်ရင်း ၄ ကို လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက်က ဆုငွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ ရဲဘော် ၂ ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကျော်လင်းထိုက်နဲ့ အသက် ၂၂ နှစ်အရွယ် ကောင်းထက်အောင်တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ MA 4 သေနတ် ၁ လက်၊ MA 2 သေနတ် ၁ လက်၊ ကျည်ဆန်များ၊ ၄၀ မမ ကျည်ဆန် ၂၀ ကျော်တို့နဲ့အတူ အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။

"စစ်**စစ်ကြောင်းနဲ့မလိုက်ဘဲ ပလပ်စတစ်အလံဖြူထောင်လာတာပါ။ စစ်မတိုက်ချင်တော့လို့ အလင်းဝင်တာလို့ ပြောတယ်။ အခုမှဆုချီးမြှင့်ပေးရတာပါ" လို့ တမူးခရိုင် တပ် ရင်း ၄ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထန်းတပင်ရွာမှာတပ်စွဲထားတဲ့ PDF စခန်းကို ၄ မိုင်ခန့်ကွာဝေးတဲ့ တမူးမြို့နယ်စစ်စခန်းကနေ စစ်ကြောင်းထိုးဝင်လာချိန်မှာ စစ်ကြောင်းနဲ့မလိုက်ဘဲ တခြားလမ်းကြောင်းက အလံဖြူထောင်ကာ အလင်းဝင်လာတာလို့ သူက ဆက်ပြောပါတယ်။

တမူးနယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သွားလာရမလွယ်ကူသလို အွန်လိုင်းအခက်အခဲတွေကြောင့် ဇန်နဝါရီလ ၂၄ ရက်မှာ ငွေသားပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတဲ့ ရဲဘော် ၁ ဦးစီကို ၆၃ သိန်းကျပ်စီနဲ့ ၂ ဦးအတွက် ၁၂၆ သိန်းကျပ်ကို ဆုငွေအဖြစ်ချီးမြှင့် ပေးခဲ့တယ်လို့ သိရပါတယ်။

တမူးခရိုင်၊ တပ်ရင်း ၄ ပြည်သူ့ကာကွယ်တပ်ထံကို အလင်းဝင်လာသူစစ်သား စုစုပေါင်း ၇ ဦးအထိရှိလာပြီး၊ လုံခြုံရေးအရ စစ်မတိုက်ခိုင်းသေးဘဲ ကာကွယ်ရေးစခန်းမှာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း # တီးတိန်# တမူး # စစ်ကောင်စီ # အလင်းဝင် # လက်နက်ခဲယမ်း # ကာကွယ် ရေးဝန်ကြီးဌာန# ဆုကြေးငွေချီးမြှင့် # PDF တပ်ရင်း# သတင်း#မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10