လက်နက်နဲ့အလင်းဝင်တဲ့ စစ်သားကို ကလေးခရိုင်တပ်ရင်း ၆ က ကျပ်သိန်း ၅၀ ဆုချီးမြှင့်

လက်နက်နဲ့အလင်းဝင်တဲ့ စစ်သားကို ကလေးခရိုင်တပ်ရင်း ၆ က ကျပ်သိန်း ၅၀ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၆ ဆီကို လက်နက်၊ ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်ပေးအပ်ပွဲ ဖေဖော်ဝါရီလ ၂၀ ရက် ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက အသက် ၂၉ နှစ်အရွယ် တပ်သား လှမျိုးထိုက်ဟာ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည်ဆံ ၂၄၅ တောင့် လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ဇန်နဝါရီ ၃၀ ရက်နေ့က အလင်းဝင်တာလို့ ဆိုပါတယ်။

"တပ်ရင်းကို ပထမဆုံးအလင်းဝင်လာတဲ့ရဲဘော်ပါ။ ဒီနေ့မှ ဆုငွေချီးမြှင့်ရတယ်။ တပ်ရင်းမှာ စောင့်ရှောက်ထားပါတယ်" လို့ ခရိုင်တပ်ရင်း ၆ တပ်ရေးအရာရှိက ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်သားဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ သူ့ရှေ့မှာပဲ အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်တာ၊ ပြည်သူပိုင်နေအိမ်တွေကို အကြောင်းမဲ့မီးရှို့ဖျက်စီးတဲ့လုပ်ရပ်တွေကို မကြိုက်တဲ့အတွက် အလင်းဝင်လာတာလို့ ဆိုပါတယ်။

လက်နက်ခဲယမ်းနဲ့အတူ ပထမဆုံးအလင်းဝင်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း  #ကလေး #စစ်ကောင်စီ #အလင်းဝင် #လက်နက်ခဲယမ်း #ဆုငွေချီးမြှင့် #PDFတပ်ရင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10