လက်နက်မပြည့်စုံလို့ တိုက်ပွဲနားရချိန် မွမ်းမံသင်တန်းတွေ ဆက်တိုက်လုပ်နေတဲ့ ကျားသစ်နက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ တပ်ခွဲ ၂ ကျားသစ်နက် တပ်မတော်က ရဲဘော်တွေကို သွေးမအေးဖို့နဲ့ တိုက်ခိုက်ရေးအပိုင်းမှာ အသင့်အနေအထား ရှိနေဖို့ ရည်ရွယ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက မွမ်းမံသင်တန်းတွေကို လေ့ကျင့်သင်ကြားပေးနေတာပါ။

ကျားသစ်နက်အဖွဲ့ဟာ လက်နက်အင်အားမပြည့်စုံလို့ တိုက်ပွဲတွေကို ဆက်တိုက်မလုပ်ဆောင်နိုင်သေးတဲ့အတွက် အခုလို တိုက်ပွဲနားတဲ့အချိန်မှာ ရဲဘော်တွေကို လိုအပ်တဲ့ မွမ်းမံသင်တန်းတွေ ပြုလုပ်ပေးနေတာလို့ ကျားသစ်နက်တပ်မတော် တပ်ခွဲမှူး နောက်တိုးက ပြောပါတယ်။

ကျားသစ်နက်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး၂ နှစ်ကျော်လာတဲ့အထိ ပြည်သူတွေ ထောက်ပံ့တာတွေနဲ့ ရပ်တည်လာခဲ့တာလို့ ဆိုပါတယ်။ ရဲဘော်တွေ စားရေးအတွက် ပြည်သူတွေက ဝိုင်းကူလို့ ပူစရာမရှိပေမဲ့  တိုက်ခိုက်ရေးအတွက် လက်နက်ကတော့ လိုအပ်နေလို့ တချို့တိုက်ပွဲတွေကို ဆက်မလုပ်နိုင်ဘူးလို့ သိရပါတယ်။

သင်တန်းမှာ ကျားသစ်နက်တပ်ခွဲက ရဲဘော်တွေကိုသာ လေ့ကျင့်သင်ကြားပေး နေတာဖြစ်ပြီး သင်တန်းကာလ တလ သတ်မှတ်ထားကာ သင်တန်းသားဦးရေ ၅၀ နဲ့ သင်ကြားပေးနေသလို သင်တန်းအပတ်စဥ် ၃ ကို ယခု ဇန်နဝါရီ ၁၁ ရက်ကနေ စတင်လေ့ကျင်နေပြီး မွမ်းမံသင်တန်း အပတ်စဥ် ၁ နဲ့ ၂ ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #PDF #ကျားသစ်နက်တပ်ခွဲ #မွမ်းမံသင်တန်း #နွေဦးတော်လှန်ရေး #ထောက်ပို့ #လက်နက်ခဲယမ်းလိုအပ် #စစ်ကောင်စီ #သတင်း #ရုပ်သံ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10