သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြုံမြို့အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေ စစ်ဆေးရေးလုပ်နေချိန် လက်ပစ်ဗုံးကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ Myingyan Ranger မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ ဆီက သိရပါတယ်။
စက်တင်ဘာ ၆ ရက်မနက်ပိုင်းမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)အဖြစ် မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းကို စစ်ဆေးရေးလုပ်နေချိန် မြင်းခြံမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့လာတဲ့ အထက်ပါ အမျိုးသားတွေကို ဖမ်းမိခဲ့တာပါ။
ဖမ်းဆီးခံရသူတွေက သူတို့ဟာ စစ်မှုထမ်းဟောင်းလို့ထွက်ဆိုပေမယ့် ဒေသခံကာကွယ်ရေး ရဲဘော်တွေဘက်ကတော့ ရဲတပ်သားနဲ့ ပျူစောထီးဖြစ်နိုင်တယ်လို့ ယူဆထားပြီး ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ဆက်လက်စစ်ဆေးမေးမြန်းပြီးမှ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ Myingyan Ranger မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ အဖွဲ့ရဲ့ တပ်ရေးဗိုလ် က ပြောပါတယ်။
သူတို့နဲ့အတူလက်ပစ်ဗုံး ၁ လုံး၊ ဝန်ထမ်းကဒ်နဲ့ မှတ်ပုံတင်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါစစ်ဆေးမှုတွေကို Myingyan Ranger (မြင်းခြံခရိုင်အမှတ် -၂ တပ်ရင်း၊ တပ်ခွဲ ၃)၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ Freedom Fighter Guerrilla Force (FFGF) နဲ့ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မြင်းခြံ #ကာကွယ်ရေးတပ် #ဖမ်းဆီး #စစ်ကောင်စီအဖွဲ့ဝင်
Share Share Share