လက်ပစ်ဗုံးဆောင်ထားတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

လက်ပစ်ဗုံးဆောင်ထားတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ လက်ပစ်ဗုံး‌ဆောင်ထားတဲ့ရာအိမ်မှုးကို ဩဂုတ် ၁၄ ရက် ဒီမနက် ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ဇရစ်မျှောင်ကျေးရွာက ရာအိမ်မှူးလည်းဖြစ် ပျူစောထီးလို့လည်း လူသိများသူ ကိုထွန်းထွန်းကို သူရဲ့နေအိမ်မှာပဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို ရဲဘော်တွေက သေနတ်နဲ့နှစ်ချက်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးနဲ့ ဖုန်းနှစ်လုံးကို သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

“ ထွန်းထွန်းက အိမ်အပြင်ထွက်မလို့ပြင်တုန်းမှာ ခေါင်းကိုနှစ်ချက်ပစ်ခဲ့တာ။ တခါထဲ လဲကျသွားပြီး သေတာ။ သူ့ကားနဲ့ စစ်သားတွေသွားလိုတဲ့နေရာကို လိုက်ပို့တာတွေလည်းရှိတယ်။” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။

ကိုထွန်းထွန်းဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီအဖွဲ့တွေဆီ သတင်းပို့တာ၊ စစ်သားတွေကို ၎င်းရဲ့ ကားနဲ့ ကြိုပို့လုပ်ပေးတာ၊ ရိက္ခာတွေ ဝယ်ယူပေးတာအပြင် စစ်ကောင်စီအလိုကျ ပြည်သူတွေကို အတင်းအကျပ်ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကောက်ခံတာတွေ ပြုလုပ်ပေးနေလို့ ခုလိုအရေးယူခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် မြေ‌အောက်ပြောက်ကျားတပ်ဖွဲ့အနေနဲ့  စစ်ကောင်စီထောက်တိုင်တွေကို ပြင်းထန်စွာ အရေးယူသွားမှာဖြစ်လို့ ပြည်သူတွေအနေနလည်း စစ်ကောင်စီအဖွဲ့တွေအနီးမှာ မနေဖို့ကြဖို့ သတိပေးထားပါသေးတယ်။

အလားတူ ဩဂုတ် ၁၃ ရက်ညနေ ၃ နာရီခွဲလောက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုမောင်ဝင်းကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ခွဲ ၅ ရဲ့ ရဲဘော်တွေက နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူနှင့် ကိုင်ဆောင်သည့် လက်ပစ်ဗုံးနှင့် ဖုန်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #မင်းလှ #ရာအိမ်မှူး #ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10