လက်ပစ်ဗုံးဆောင်ထားတဲ့ ပြည်သူ့စစ်သင်တန်းဆင်းအမျိုးသား အသတ်ခံရ

လက်ပစ်ဗုံးဆောင်ထားတဲ့ ပြည်သူ့စစ်သင်တန်းဆင်းအမျိုးသား အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်သင်တန်းဆင်းထားတဲ့ အမျိုးသားတဦးကို ဧပြီ ၂၀ ရက်ညနေ ၄ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ လက်ပံတန်းမြို့နယ်အခြေစိုက် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမြို့နယ်၊ ကိုင်းတောစုရွာက ပြည်သူ့စစ်သင်တန်းဆင်းထားသူ အသက် ၅၆ နှစ်အရွယ် ကိုမြင့်စိုးကို လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမတောင်ခြေမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဖမ်းဆီပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သူ့ကို ဖမ်းဆီးစစ်မေးနေတုန်း ထွက်ပြေးလို့ပစ်သတ်ခဲ့ရတာ။ ပွဲချင်းပြီးသေသွားတယ်” လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖမ်းမိချိန်မှာ သူ့အဆီကနေ လက်ပစ်ဗုံး ၂ လုံး၊ စစ်တပ်နဲ့ဆက်သွယ်ထားတဲ့ အချက်အလက်တွေပါတဲ့ လက်ကိုင်ဖုန်းတလုံးကို တွေ့ခဲ့ပြီး ဒီပစ္စည်းတွေကိုတော့ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုမြင့်စိုးဟာ ပြည်သူ့စစ်သင်တန်းတက်ရောက်ထားသူဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီအတွက် အင်အားစုဆောင်းရာမှာလည်း ဦးဆောင်နေသူတဦးဖြစ်တယ်လို့  ဆိုပါတယ်။

ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပေးပို့တဲ့ ဗီဒီယိုမှာတော့ ကိုမြင့်စိုးဟာ ကိုင်းတောစုရွာက  NLD ပါတီဝင်တဦးကို ဓါးနဲ့ခုတ်ခဲ့ဖူးကြောင်၊ ကိုင်းတောစုအုပ်ချုပ်ရေးမှူးက သူ့ကို ပြည်သူ့ စစ်သင်တန်းကို တက်ရောက်ခိုင်းခဲ့တာဖြစ်သလို သာယာဝတီမြို့အခြေစိုက် ခလရ ၃၅ မှာ ၁၄ ရက်ကြာသင်တန်းတက်ပြီးနောက် လက်ပံတန်းမြို့နယ်က လျှပ်စစ်ဓါတ်ပေးခွဲရုံမှာ ၃ ရက်ကြာ လုံခြုံရေးယူပေးခဲ့ရပြီး လက်ရှိမှာ ပြည်သူ့စစ်အလုပ်ကိုလုပ်ကိုင်ခြင်းမရှိတော့ဘူးလို့ ထွက်ဆိုထားတာကို တွေ့ရပါတယ်။

အလောင်းကိုတော့ ဧပြီ ၂၁ ရက် ဒီမနက်အထိ လာသယ်သူမရှိသေးဘူးလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၁၄ ရက်ညကလည်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ သရက်တောလေးရွာက ပျူစောထီးခေါင်းဆောင်အောင်ထွန်းဝင်းနဲ့ စစ်ကောင်စီ သတင်းပေးလို့သတင်းထွက်နေတဲ့ စိန်ဦး၊ မလှလှရီ၊ ရေငံရွာက Non CDM ကျောင်းဆရာမ မသွယ်သွယ်ထွန်းနဲ့ အမဖြစ်သူ မဝင်းမင်းသန်းတို့ကို သူတို့ နေအိမ်တွေမှာပဲ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ပစ်သတ်ခံရသူ ကိုမြင့်စိုးနှင့် သိမ်းဆည်းရမိသည့် လက်ပစ်ဗုံး။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #လက်ပံတန်း #ပြည်သူ့စစ် #ပျူစောထီး #ပစ်သတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10