လက်ပစ်ဗုံးဆောင်ပြီး PDF ကိုစိန်ခေါ်ထားတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

လက်ပစ်ဗုံးဆောင်ပြီး PDF ကိုစိန်ခေါ်ထားတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်က လက်ပစ်ဗုံးဆောင်ထားပြီး PDF ကိုစိန်ခေါ်ထားတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို ဩဂုတ် ၁၂ ရက် ဒီကနေ့မွန်းလွဲ ၂ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူမှာ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုသန်းမြင့် ဆိုသူဖြစ်ပြီး မင်းလှမြို့ ကနေ ဆိုင်ကယ်နဲ့ တဦးတည်းရွာအပြန် စိန်ပုရွာထိပ်အရောက်မှာ PDF တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ၁၅ ချက် ပစ်သတ်ခဲ့လို့ နေရာမှာပဲသေဆုံးတာလို့ ဆိုပါတယ်။

"တယောက်တည်း ဆိုင်ကယ်နဲ့ ပြန်လာတုန်းမှာ စောင့်ပစ်တာမှာ ပွဲချင်းပြီးသေတာ။ အသက်က ပြင်းတယ်။ ခေါင်းတွေကို တေ့ပစ်ရတာ။"လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က ပြန်ကြားရေးတာဝန်ခံ ကိုတစ် က မြေလတ်အသံကို ပြောပါတယ်။

၎င်းဟာ ရပ်ရွာအတွင်း ငွေကောက်ခံတာနဲ့ပတ်သက်ပြီး PDF တွေကြိုက်တဲ့အချိန်လာခဲ့ဆိုကာ စိန်ခေါ် ထားသူလည်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ကိုသန်းမြင့်ဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ဓါးမြှောင် ၁ ချောင်း၊ ဖုန်း ၁ လုံးနဲ့ စာရွက်စာတမ်းတချို့သိမ်းဆည်းခဲ့ကာ ၎င်းမှာ  လက်နက်အားကိုးနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်လူစုတာ၊ တောင်သူတွေထံကနေ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေကောက်ခံကာ ကိုယ်ကျိုးအတွက်အသုံးပြုတာတွေ ပြုလုပ်သူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပစ်ခတ်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ မင်းလှပကဖရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုညွန့်မြိုင် ကို အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေနတ်နှင့်ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် သိမ်းဆည်းခဲ့သည့် ပစ္စည်းအချို့။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ဆင်တဲကုန်း #အုပ်ချုပ်ရေးမှူး #ပစ်သတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10