လက်ပံတန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

လက်ပံတန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို နိုဝင်ဘာ ၂၂ ရက် ဒီနေ့လယ်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ပြီး ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမြို့နယ်အရှေ့ဘက်၊ သရက်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၅ နှစ်အရွယ် ကိုဝင်းမြင့်ကို ဆိတ်တက်ရွာနဲ့ သရက်ချောင်းရွာအကြားက လမ်းပေါ်မှာ ပစ်ခတ်ခဲ့တာလို့ ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန်က ပြောပါတယ်။ 

ကိုဝင်းမြင့်ဟာ စစ်ကောင်စီစစ်ကြောင်းတွေကို ကိုယ်တိုင်စက်လှေမောင်း ပို့ဆောင်ပေးသူဖြစ်သလို  ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့သတင်းကိုလည်း စစ်ကောင်စီကို ပေးနေသူဖြစ်တာကြောင့် ခုလို ရှင်းလင်ခဲ့တာလို့ ဆိုပါတယ်။

"သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့တာပါ" လို့ ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန် ကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ တို့ပေါင်းကာ ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သုတ်သင်ခဲ့တာလို့ သိရပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ညကလည်း သာယာဝတီမြို့နယ်၊ သုံးဆယ်ရဲစခန်းကို လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ  - အုပ်ချုပ်ရေးမှူး ကိုဝင်းမြင့်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10