လက်ပံတန်းက ရပ်ကျေးစာရေးဦးဆောင်တဲ့ လောင်းကစားဝိုင်းမှာ ဗုံးကွဲ

လက်ပံတန်းက ရပ်ကျေးစာရေးဦးဆောင်တဲ့ လောင်းကစားဝိုင်းမှာ ဗုံးကွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေး ဦးဆောင်တဲ့ လောင်းကစားဝိုင်းကို ဧပြီလ ၃ ရက်မနေ့က ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ရပ်ကျေးစာရေးအပါအဝင် ၅ ဦး ဒဏ်ရာရသွားတယ်လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဦးဆောင်သူဟာ ပေါက်တောစုကျေးရွာက ရပ်ကျေးစားရေး ကိုမျိုးကြီးလို့ သိရပြီး၊ လက်ပံတန်းမြို့နယ်အနောက်ဘက်၊ ဇီးဖြူကုန်းရွာမှာ လောင်းကစားဝိုင်းလုပ်နေချိန် မနေ့ကနေ့လယ် ၁ နာရီလောက်မှာ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။


"ဦးဆောင်သူက လက်ပံတန်းထွေအုပ်က ပေါက်တောစုရွာ ရပ်ကျေးစာရေး ကိုမျိုးကြီးပါ။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လုပ်နေတဲ့ဝိုင်းပါ။ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းချိန် သမကြွေး၊ စိုက်ပျိုးစရိတ်ချေးငွေတွေ ဒီလောက်တောင်းနေချိန်မှာကို လုပ်နေတာ။ စစ်အုပ်စုက ပြည်သူကို မျက်ဖြူစိုက်ချင်နေတာ" လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ကိုမျိုးကြီးနဲ့ ပျူစောထီးဆိုသူ ၅ ဦး ဒဏ်ရာရရှိသွားတယ်လို့သိရပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

ဧပြီလ ၂ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာလောင်းကစားဝိုင်းကို ဖောက်ခွဲဖို့ သွားချိန်မှာ ပြည်သူတွေရှိနေတဲ့အတွက် အဝေးကသာဖောက်ခွဲခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါလ ၁၄ ရက်ကတော့ လက်ပံတန်းမြို့နယ်၊ နတ်ဖန်ကွင်းကျေးရွာအုပ်စု ရွှေကြို့ပင်ရွာလောင်းကစားဝိုင်းကို ဦးဆောင်ပြုလုပ်နေတဲ့ ကိုကြီးမြင့် (ခ) ကတုံးကိုလည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရွှေတန်းမြေအဖွဲ့က သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10