လက်ပံတန်းမြို့ပေါ်မှာ စရဖသတင်းပေးဆိုသူ ပစ်သတ်ခံရ၊ ပစ်ခတ်ချိန် ခရီးသွား ၁ ဦးလည်း ကျည်ထိမှန်

လက်ပံတန်းမြို့ပေါ်မှာ စရဖသတင်းပေးဆိုသူ ပစ်သတ်ခံရ၊ ပစ်ခတ်ချိန် ခရီးသွား ၁ ဦးလည်း ကျည်ထိမှန်

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့ပေါ်မှာ သြဂုတ်လ ၁၂ ရက်ဒီမနက် ၉ နာရီခွဲဝန်းကျင်က စရဖသတင်း‌ပေး မှုခင်းရှုထောင့်မြို့နယ်အတွင်းရေးမှူး ဦးကျင်ထွေး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်ပံတန်းမြို့ပေါ် ၁ လမ်း၊ တာဆုံအနီး စိန်စံပယ်ဦး လဘ္ကက်ရည်ဆိုင်အနီးမှာ ပစ်ခတ်ခံရတာဖြစ်ပြီး ရဲသတင်းပေးဆိုသူအသက် ၆၀ ဝန်းကျင် ဗိုလ်ကျင်(ခ)ဦးကျင်ထွေးကတော့ နေရာမှာသေဆုံးကာ ပစ်ခတ်ချိန် အနီးမှာရောက်နေတဲ့ ခရီးသွား ၁ ဦးလည်း ဒဏ်ရာရရှိသွားတာလို့ ဆိုပါတယ်။

"အပစ်ခံရတာ တယောက်ကသေပြီး ခရီးသွားတယောက် ဒဏ်ရာရသွားတယ်။ သေတဲ့အင်ဖော်မာ ကျင်ထွေးကတော့ မျက်လုံးထွက်သွားတယ်၊ တယောက်ကတော့ သေလားရှင်လား မသိဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။

လက်ရှိမှာ သေဆုံးသူနဲ့ဒဏ်ရာရသူတွေကို လက်ပံတန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။

နောက်ထပ်ဒေသခံတဦးကလည်း ဦးကျင်ထွေးဟာ မှုခင်းရူထောင့်သတင်းထောက်၊မြို့နယ်အတွင်းရေးမှူးဖြစ်ပြီး စရဖ (စစ်ဖက်ရေးရာလုံခြုံရေး) အဖွဲ့သတင်းပေးဖြစ်ကာ ကျည်ထိမှန်ဒဏ်ရာရရှိသူဟာ ခရီးသွား ၁ ဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကို အခုချိန်အထိထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ  ၁၀ ရက်မနက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်သာကဒိုးကွေ့ရွာ က စစ်တပ်သတင်းပေးလို့ အမည်ထွက်နေသူ ကိုကျော်သူနိုင်နဲ့ အဖော်ဖြစ်သူတို့ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့ကနတ်ပုတီးကျေးရွာ ရန်ကုန် - ပြည်လမ်းဘေးမှာ ပစ်သတ်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #လက်ပံတန်း #စရဖ #မှုခင်းရှုထောင့် #ပစ်ခတ်ခံရ #ပေါင်းတည်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10