လက်ပံတန်းမှာ စစ်တပ်သတင်းပေးဆိုတဲ့လင်မယား ၂ ဦး ဖမ်းဆီး ရှင်းလင်းခံရ

လက်ပံတန်းမှာ စစ်တပ်သတင်းပေးဆိုတဲ့လင်မယား ၂ ဦး ဖမ်းဆီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ နယ်၊ ရေငံကျေးရွာအုပ်စု၊ စီတုန်းရွာမှာနေထိုင်တဲ့ စစ်တပ်သတင်းပေး လင်မယား ၂ ဦးကို မေ ၂၅ ရက်က ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

စစ်တပ်စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေကို ကျွေးမွေးဧည့်ခံတာ၊ လမ်းပြပေးတာနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့တာတွေကို ပြုလုပ်နေတာကြောင့် မေ ၂၄ ရက် ည ၁၀ နာရီခန့်မှာ စီတုန်းကျေးရွာ နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

" သူတို့ဖုန်းထဲမှာ မြို့နယ်မှူးဖုန်းနံပါတ်ကအစ ရှိတယ်။ စစ်** တွေဆက်သွယ်ထားတဲ့ ဖုန်းနံပါတ် ၄ ခုတွေ့ တယ်။ သူတို့ဖုန်းကို သိမ်းထားတော့လည်း ဖုန်းဆက်လာတယ်။ သတင်းပေးနေကျမို့လို့ သတင်းမေးပုံရတယ်" လို့ လက်ပံတန်းမြို့နယ် ပကဖ တာဝန်ခံ ကိုကိုအောင်က ပြောပါတယ်။

စစ်တပ်သတင်းပေးနေတဲ့ အသက် ၄၅ နှစ်အရွယ် မင်းဇော်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် ခင်မာကြည်တို့ လင်မယားကို တော်လှန်ရေးစခန်းကို ဖမ်းဆီးခေါ်ဆောင်လာကာ လိုအပ်တာများ စစ်ဆေးမေးမြန်းပြီး ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

" အဲ့ဒီလင်မယားက တောလမ်းလည်း ကျွမ်းတယ်။ ကျနော်တို့ ကင်းစခန်းနားအထိ သတင်းလာယူတယ်။ စစ်တပ်ဒေါက်တိုင်ဖြစ်တော့ ရှင်းလိုက်ရတယ် " စစ်ရေးတာဝန်ခံ ကိုစိုးကြီးက ပြောပါတယ်။

အဲဒီ မင်းဇော်ဦးဆိုသူဟာ လက်ပံတန်းမြို့ နယ်၊ ကျေးလက်ဦးစီးဌာနက ခန့်အပ်ထားတဲ့ မြစိမ်းရောင်အသင်း ဥက္ကဌတဦး ဖြစ်သလို ပြည်သူတွေထံ လျှပ်စစ်မီတာခများ ကောက်ခံပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေ ၂၂ ရက်ကလည်း သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ်မှာ သစ်ခိုးထုတ်ပြီး စစ်တပ်သတင်းပေးဖြစ်တဲ့ သန်းဇော် ဆိုသူရှင်းလင်းခံရပြီး ဖောကားကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဖမ်းဆီးရမိသည့် စစ်တပ်သတင်းပေးလင်မယားနှစ်ယောက်ကို တွေ့ရစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #လက်ပံတန်း #စစ်ကောင်စီ #သတင်းပေး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10