လက်ပံတန်းမှာ Non CDM ဆရာမတဦးအပါ စစ်တပ်သတင်းပေးလို့နာမည်ကြီးသူ ၅ ဦး တညတည်း အသတ်ခံရ

လက်ပံတန်းမှာ Non CDM ဆရာမတဦးအပါ စစ်တပ်သတင်းပေးလို့နာမည်ကြီးသူ ၅ ဦး တညတည်း အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီသတင်းပေးလို့သတင်းကြီးသူ ၅ ဦးကို ယမန်နေ့ မတ် ၁၄ ရက် တညတည်းမှာတင် သေနတ်နဲ့ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူတွေဟာ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စု၊ သရက်တောရွာက အသက် ၅၀ နှစ်အရွယ် ဦးအောင်ထွန်းဝင်း၊ အသက် ၆၁ နှစ်အရွယ် ဦးစိန်ဦးနဲ့ ဇနီးဖြစ်သူအသက် ၅၆ နှစ်အရွယ် ဒေါ်လှလှရီ၊  ရေငံရွာက Non CDM အလယ်တန်းပြဆရာမ  အသက် ၄၉ နှစ်အရွယ် ဒေါ်သွယ်သွယ်ထွန်းနဲ့ အမဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်ဝ င်းမင်းသန်းတို့ဖြစ်ပြီး မနေ့ည ၈ နာရီခွဲလောက်မှာ နေအိမ်တွေအတွင်း ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“သူတို့ အိမ်တွေမှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တာ. အားလုံးပွဲချင်းပြီးတွေ သေကုန်တာ။ သူတို့က ဘောမတွေရဲ့ အကြီးစားဒလန်အစစ်ကြီးတွေလေ “ လို့  လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

သရက်တောရွာကို အရင်ဝင်ပစ်ပြီးမှ ခန့်မှန်းအကွာအဝေး ၂ ဖာလုံဝန်းကျင်ခန့်ဝေးတဲ့ ရေငံရွာကို သွားရောက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရသူ ဦးအောင်ထွန်းဝင်းရဲ့ သားဟာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ရဲတပ်သားတဦးဖြစ်ပြီး၊ ဦးစိန်ဦးနဲ့ ဒေါ်လှလှရီတို့ရဲ့သားဟာ စစ်ကောင်စီတပ်က စစ်ဗိုလ်တဦးဖြစ်ကာ အသတ်မခံရမီ မတ် ၁၄ ရက်မှာ  ဦးအောင်ထွန်းဝင်းနဲ့ ဦးစိန်ဦးတို့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတည်နေရာကို လိုက်ပြခဲ့လို့ အမြန်ရှောင်တိမ်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောင်းဆရာမ ဒေါ်သွယ်သွယ်ဦးနဲ့ အမဖြစ်တဲ့ ဒေါ်ဝင်းမင်းသန်းဟာ CDM ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်လို့ဆိုကာ ဖမ်းဆီးခိုင်းတာတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက် ည ၇ နာရီလောက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ် ပုတ်အုပ်စု၊ သစ်ပုတ်ရွာက အသက် ၆၀ နှစ်အရွယ် ကိုသန်းဦးကို နေအိမ်မှာရှိနေချိန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၁ က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလို့  ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူတို့၏ အလောင်းများ။ (စစ်ကောင်စီတယ်လီဂရမ်)

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #တပ်သတင်းပေး #ပစ်သတ်ခံရ #ရွှေတန်းမြေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10