လုပ်သားရှားပါးပြီး စပါးရိတ်ခြွေဖို့ခက်ခဲနေလို့ ABSDFက လုပ်အားပေး

လုပ်သားရှားပါးပြီး စပါးရိတ်ခြွေဖို့ခက်ခဲနေလို့ ABSDFက လုပ်အားပေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ဒေသခံလယ်သမားတွေ မိုးစပါးရိတ်သိမ်းခြွေလှေ့ရာမှာ လုပ်သားရှားပါးနေလို့ ကူညီလုပ်အားပေးခဲ့တယ်လို့ ကျောင်းသားများတပ်မတော် ABSDF Column - 3 က သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းကစကာ ဒေသခံလယ်သမားတွေရဲ့ လယ်ကွင်းတွေမှာ စပါးရိတ်တာ၊ စပါးရိုက်(စပါးခြွေ)တာတွေကို ABSDF Column - 3 ရဲ့ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေက လုပ်ကိုင်ပေးခဲ့တာလို့ သိရပါတယ်။ 

လုပ်သားရှားပါးတာအပြင် စပါးရိတ်ခြွေစက်တွေကလည်း စက်သုံးဆီဈေးကြီးတာနဲ့ရှားပါးနေတဲ့အတွက် အငှားမလိုက်တာကြောင့် လုပ်အားပေးကူညီရိတ်သိမ်းပေးရတာလို့ ဆိုပါတယ်။  

ကျောင်းသားတပ်မတော်စစ်ကြောင်း ၃  တပ်ရင်း/တပ်ဖွဲ့တွေမှာလည်း တပ်ရင်းရိက္ခာအပြင် ပြည်သူတွေ စားဝတ်နေရေးခက်ခဲလာချိန်မှာ ပြန်လည်မျှဝေဖို့အတွက် ပဲ၊ နှမ်းနဲ့ စပါး ၃ မျိူးပေါင်း ၁၀ ဧက ကျော်ကိုလည်း စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

ပုံစာ - လုပ်အားပေးကူညီနေတဲ့ ကျောင်းသားတပ်မတော်ကရဲဘော်များ။

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #မိုးစပါး #ABSDF 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10