လူပြုံတိုးလာတဲ့ စစ်ကောင်စီရဲ့ မုဆိုးမအိမ်ရာများ (ရုပ်သံဆောင်းပါး)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လေးထောင့်ကန်အရပ်က ‘မြန်မာ့သားကောင်းအိမ်ရာ’ ခေါ် စစ်မှုထမ်းဟောင်းအိမ်ရာကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ညွှန်ကြားမှုနဲ့ ၂၀၁၇ မှာ စတင်တည်ဆောက်ခဲ့ရာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာပြီးစီးခဲ့ပါတယ်။ 

ဒီအိမ်ရာဟာ စစ်မှုထမ်းဟောင်းအိမ်ရာလို့ဆိုပေမဲ့ နေထိုင်သူအများစုက တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေ အများဆုံးနေထိုင်ကြတာကြောင့် မုဆိုးမအိမ်ရာလို့သာ မြန်မာစစ်တပ်အသိုင်းအဝိုင်းက ခေါ်ကြပါတယ်။ 

တိုက်ခန်းပေါင်း ၂,၀၀၀ နီးပါးရှိတဲ့ ဒီအိမ်ရာကို တိုက်ပွဲကျ စစ်သားတွေရဲ့ ဇနီးမယားတွေနဲ့ မိသားစုဝင်တွေ တသုတ်ပြီးတသုတ်ရောက်လာရာ ခုဆို အခန်းအလွတ် မရှိသလောက်ဖြစ်သွားပြီလို့ ဒီအိမ်ရာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #မင်းအောင်လှိုင် #မုဆိုးမအိမ်ရာ #မြန်မာ့သားကောင်း #စစ်မှုထမ်းဟောင်းအိမ်ရာ #အာဏာသိမ်း #စစ်တပ် #တိုက်ပွဲ #သေဆုံး #ဒဏ်ရာရ #တော်လှန်ရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10