လေကြောင်းတိုက်ခိုက်ခံရတဲ့ တောမရွာကစစ်ရှောင်တွေကို ကျပ်သိန်း ၂၀၀ ကျော်ထောက်ပံ့

လေကြောင်းတိုက်ခိုက်ခံရတဲ့ တောမရွာကစစ်ရှောင်တွေကို ကျပ်သိန်း ၂၀၀ ကျော်ထောက်ပံ့

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကနေထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကို မေလ ၂၃ ရက်မှာ ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၃၊ The Youth Force- Saw& Kyaukhtu PDF တပ်ဖွဲ့ဆီက သိရပါတယ်။


အဲ့ဒီစစ်ရှောင်တွေမှာ စားဝတ်နေရေးခက်ခဲနေတာကြောင့် လူမှုအဖွဲ့အစည်းတခုရဲ့ ကူညီထောက်ပံ့မှုနဲ့  အိမ်ထောင်စု ၉၃ စုအတွက် ၁ အိမ်ထောင် ငွေကျပ် ၂၂၀၀၀၀ ကျော်နှုန်း စုစုပေါင်း ကျပ်သိန်း ၂၀၀ ကျော် (၂၁၁၅၇၅၀၀) ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"တချို့က စိတ်နာနေကြတယ်။ ရွာထဲပြန်မဝင်ရဲကြတော့လို့ သူတို့တောင်ယာတဲမှာသွားနေပြီး တောင်သူအလုပ်ပဲ လုပ်နေကြတယ်။ စားဝတ်နေရေးခက်ခဲနေလို့ ထောက်ပံ့ပေးခဲ့တာပါ” လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ တာဝန်ရှိသူက ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံ ဆောမြို့နယ်ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆောမြို့နယ်ကျန်းမာရေးအဖွဲ့ဝင်တွေနဲ့ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ တာဝန်ရှိသူတွေက သွားရောက် ထောက်ပံ့ပေးခဲ့ကြတာဖြစ်ပြီး မေလ ၁၄ ရက်ကလည်း ဆေးဝါးကုသမှုပေးခဲ့သေးတယ်လို့ သိရပါတယ်။

ဆောမြို့နယ်၊ တောမရွာကို မေလ ၁၄ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ၁၀ လသား ကလေးငယ် ၁ ဦး၊ အသက် ၁၂ အရွယ်ယောင်္ကျားလေး ၁ ဦး၊ အသက် ၆၀ ကျော် အမျိုးသမီး ၁ ဦး၊ အသက် ၅၀ ကျော် အမျိုးသမီး ၂ ဦး၊ အသက် ၄၀ အရွယ် အမျိုးသား ၂  ဦးသေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ရရှိခဲ့ပါတယ်။

ပုံစာ - စစ်ရှောင်ပြည်သူတွေကို ငွေထောက်ပံ့ပေး၊ဆေးဝါးကုသပေးနေစဥ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ဆော #စစ်ရှောင်ပြည်သူ #ထောက်ပံ့ #ဆေးဝါးကုသ #PDF #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10