လေကြောင်းရန်ကြားက ၁ မိုင်ကျော်ခရီးကို လမ်းလျှောက်ကျောင်းတက်နေရတဲ့ ကလေးတွေ (ရုပ်/သံ)

တော်လှန်ရေးကာလ ၃ နှစ်အလွန်မှာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေကြောင့် စစ်ဘေးရှောင်အရေအတွက်ဟာ တနေ့တခြား ပိုများလာနေပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေလည်းပါဝင်နေပြီး သူတို့တွေရဲ့ ပညာရေးကတော့ အခက်ခဲတွေအပြည့်နဲ့ ရှေ့ဆက်နေကြရပါတယ်။

နိုင်ငံနဲ့အဝှမ်းက စစ်ရှောင်ကလေးငယ်တွေထဲကမှ စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက စစ်ဘေးရှောင်ကလေးတွေဟာ ကျောင်းတက်ဖို့ ၁ မိုင်ကျော်လောက်ဝေးတဲ့ စာသင်ကျောင်းကို ခြေလျင်လျှောက်ပြီး နေပူမိုးရွာမရှောင် ကြိုပို့တဲ့သူမပါဘဲ သွားနေကြတယ်လို့ စစ်ရှောင်မိသားစုတွေက ပြောကြပါတယ်။ 

ကျောင်းနေအရွယ် စစ်ရှောင်ကလေးငယ်တွေဟာ မနက်တိုင်း လွယ်အိတ်၊ ထမင်းချိုင့်ကိုယ်စီနဲ့ ကျောင်းသွားကြတယ်ဆိုပေမယ့် ဘယ်အချိန်များ လေယာဉ်ဝဲလာမလဲဆိုတဲ့ စိုးရိမ်စိတ်က မိဘတိုင်းလိုလို ပူပန်သောကတွေနဲ့ပါ။ 

ဒါပေမယ့် ကလေးငယ်တွေကို ကျောင်းပညာရေးနဲ့ မဝေးစေချင်ကြတာမိဘတိုင်းပါပဲ။ ဒါကြောင့် အခက်ခဲတွေကြားကပဲ ဘေးမသီရန်မခဖို့ ဆုတောင်းရင်း စာသင်ကျောင်းတွေကို စေလွှတ်နေကြရပါတယ်။

အင်တာဗျူး - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ သတင်း နှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#လေကြောင်းရန် #၁မိုင်ကျော်ခရီး #ခြေလျင်လျှောက် #ကျောင်းတက် #ကလေးငယ်များ #ပညာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10