လေပြင်းတိုက် မိုးသည်းထန်လို့ PDF စခန်းက တဲတချို့ အမိုးလန်ပျက်ဆီး

လေပြင်းတိုက် မိုးသည်းထန်လို့ PDF စခန်းက တဲတချို့ အမိုးလန်ပျက်ဆီး

မကွေးတိုင်း‌‌၊ ပခုက္ကုခရိုင်၊ မြိုင်မြို့နယ်အခြေစိုက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG စခန်းက လူနေတဲတချို့ လေပြင်းတိုက်ပြီးမိုးသည်းထန်လို့ အမိုးလန်ပျက်ဆီးသွားတယ်လို့သိရပါတယ်။
 
မြိုင်မြို့နယ်အတွင်းမှာ ဧပြီလ ၂၂ ရက် မနေ့က ည ၆ နာရီကနေ ၁၀ နာရီအထိ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် PDF ရဲဘော်တွေနေထိုင်တဲ့ တဲ ၂ လုံး အမိုးလန်ပျက်စီးသွားလို့ မနေ့ညတညလုံး ယာယီမိုးကာတဲနဲ့ စုပြီးအိပ်ခဲ့ရတယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
 
"လေတော်တော်ကိုပါတာ၊ မုန်တိုင်းတော့မဟုတ်ဘူး။ မိုးသီးတွေလည်းကျတယ်။ စခန်းက တဲကတော့ ၂ လုံး အမိုးလန်သွားတယ်။ရွာထဲမှာလည်း သစ်ပင်တွေလဲတာ အမိုးတွေလန်တာတော့ရှိပေမယ့် အိမ်တွေပျက်စီးတာလောက်ထိတော့မရှိပါဘူး" လို့ဆိုပါတယ်။
 
MRG စခန်းမှာ ထမင်းစားဆောင်အပါ တဲ ၇ လုံးရှိတာဖြစ်ပြီး အဲ့ဒီထဲက ၂ လုံးပျက်စီးခဲ့တာဖြစ်ကာ ဒီကနေ့မနက်ပိုင်းမှာတော့ ပျက်စီးသွားတဲ့လူနေတဲတွေကို ပြန်လည်ပြုပြင်ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အခုလိုဧပြီလထဲမှာလည်း မိုးသည်းထန်စွာရွာသွန်းခဲ့လို့ MRG စခန်းက PDF ဘားတိုက်တခုနဲ့ ဆေးပစ္စည်းတွေ ဆုံးရှုံးပျက်ဆီးသွားခဲ့သေးတယ်လို့ သိပါရတယ်။
 
စာတည်း-ရင်ငြိမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10