လေပြင်း ၂ ကြိမ်တိုက်လို့ CDF KKG တပ်ဖွဲ့ရဲ့ အဆောက်အဦတချို့ပျက်စီး

လေပြင်း ၂ ကြိမ်တိုက်လို့ CDF KKG တပ်ဖွဲ့ရဲ့ အဆောက်အဦတချို့ပျက်စီး

မကွေးတိုင်း၊ ဂန်ဂေါခရိုင်အတွင်း ဧပြီ ၁ ရက်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် Chinland Defense Force - Kalay Kabaw Gangaw (CDF KKG) တပ်ရင်း ၄ စခန်းရဲ့ အဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ CDF-KKG ဆီက သိရပါတယ်။

လေပြင်းတိုက်ခတ်ရာမှာ မွန်းလွဲ ၃ နာရီခန့်က ၁ ကြိမ်၊ ည ၉ နာရီကျော်မှာ ၁ ကြိမ်နဲ့ စုစုပေါင်း လေပြင်း ၂ ကြိမ် တိုက်ခတ်ခဲ့ရာ အဆောက်အဦငယ်တချို့ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

"တရက်တည်း နှစ်ကြိမ်လေပြင်းတိုက်ခဲ့တာပါ။ မိုးကာတွေရော၊ သွပ်တွေပါ အသစ်ပြန်ဝယ်ရတော့မယ်။ အဆောင်တွေလည်း ပြိုကျသွားတယ်" လို့ CDF-KKG သတင်းတာဝန်ခံက ပြောပါတယ်။

ပျက်စီးသွားတဲ့အဆောက်အဦတွေဟာ ၂၀၂၃ ဒီဇင်ဘာလအတွင်းမှာ အခိုင်အမာဆောက်လုပ်ထားတဲ့ သိုလှောင်ရုံ၊ ရိက္ခာစတိုးနဲ့ ရဲဘော်တွေနေထိုင်တဲ့ တန်းလျားတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

CDF-KKG တပ်ရင်း ၄ က အဆောက်အဦတချို့ ပျက်စီးမှုတွေအတွက် အခုပြန်လည် ဆောက်လုပ်နေပြီး အကူအညီတွေ လိုအပ်နေတာကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးနိုင်ကြောင်းလည်း သတင်းတာဝန်ခံက ပြောပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #CDF #လေပြင်းတိုက်ခတ် #အဆောက်အဦ #ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10