လေယာဥ်ဆီတွေ သယ်လာတယ်ဆိုတဲ့ မီးသတ်ကားယာဥ်တန်း မိုင်းဆွဲခံရ( ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာဘက်လာတဲ့ မီးသတ်ကား ၁၁ စီးပါယာဥ်တန်းကို မေလ ၂၈ ရက် မနေ့က မုံရွာမြို့နယ်၊ မအူရွာနဲ့ မြေနဲရွာကြားမှာ ပဒေသာမိုင်း ၇ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution Force – MRF ဆီက သိရပါတယ်။

စစ်သားတွေပါတဲ့ လူနာတင်ယာဥ် ၂ စီးက အဲ့ဒီယာဥ်တန်းရဲ့ ရှေ့ဆုံးကမောင်းပြီး လေယာဥ်ဆီတွေ သယ်လာတယ်ဆိုတဲ့ မီးသတ်ကား ၁၁ စီးက နောက်ကပါလာချိန် ညနေ ၃နာရီကျော်မှာ မိုင်းဆွဲခဲ့တာဖြစ်တယ်လို့ MRF တပ်ဖွဲ့ တာဝန်ခံ ကိုမီးပွားက ပြောပါတယ်။

"ကျနော်တို့မိုင်းဆွဲလိုက်တော့ ကား ၅စီး ၆စီးမြောက်ကို ထိသွားတယ်လို့ထင်တယ်။ မိုင်းဆွဲတာနဲ့ပက်သက်ပြီး ထိခိုက်သေဆုံးတာတွေ နောက်ဆက်တွဲမသိသေးဘူး။ ဒါပေမဲ့  ကျနော်တို့ ထပ်ကြားရတာက မအူစစ်ဆေးရေးဂိတ်ရှိရဲ့သားနဲ့ မိုင်းဆွဲခံရမလားဆိုပြီးတော့ သူတို့အချင်းချင်း ပြသနာတွေဖြစ်နေတယ်လို့ ကြားရတယ်။ မီးသတ်ကားတွေထဲမှာလည်း သူတို့က လေယာဉ်ဆီတွေ သယ်လာတယ်လို့ ကျနော်တို့သတင်းရထားတယ်။" လို့ ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ နေရာဟာ မုံရွာမြို့အဝင်က စစ်ကောင်စီရဲ့ မအူစစ်ဆေးရေးဂိတ်နဲ့နီးတာကြောင့် မိုင်းဆွဲခံရပြီးချိန်မှာ ဂိတ်ကနေ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး မိုင်းဆွဲခံရတဲ့ ယာဥ်တန်းက မုံရွာမြို့ဘက် ဆက်မောင်သွားပေမယ့် ဘယ်ကိုဆက်သွားမယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို Monywa Revolution Force – MRF အဖွဲ့ ၊ အရိပ်မဲ့တစ္ဆေအထူးပျောက်ကြားတပ်ဖွဲ့၊ People’s Youth Defence Force တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

 

တည်းဖြတ်- ငြိမ်းဇော်

#မြေလတ်အသံ

#မုံရွာ #မအူဂိတ် #မီးသတ်ကား #မိုင်းဆွဲ #လေယာဥ်ဆီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10