လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားသူကို စစ်ကောင်စီဖမ်းဆီး

လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားသူကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားသူကို ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

အဖမ်းခံရသူမှာ လက်ပံတန်းမြို့၊ ဘီလင်းတန်းရပ်ကွက်မှာနေထိုင်တဲ့ ဦးသန်းမြတ်စိုးဖြစ်ပြီး သူ့ကို မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

"မီတာရုံးကဝန်ထမ်းတွေ မီတာခတွေ မတရားတောင်းတာကို ပြောဖူးတယ်။ မီးမလာတဲ့ကိစ္စတွေကို လူမှုကွန်ယက်မှာ ရေးတင်နေတာတွေ့လို့ အဖမ်းခံရတာ ဖြစ်နိုင်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးသန်းမြတ်စိုးကို ဘယ်နေရာ ခေါ်ဆောင်သွားတယ်ဆိုတာကို မသိရသေးဘဲ မိသားစုနဲ့လည်း အဆက် အသွယ်မရသေးဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၄ ရက်ကလည်း လက်ပံတန်းဒေသခံ လူငယ်အမျိုးသား ၇ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

လက်ပံတန်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာလ ၁၅ ရက်အထိ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ 

အခုနှစ် မေလ ၂၄ ရက်မှာလည်း လျှပ်စစ်မီးပုံမှန်မရရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အဆိုတော်ဗျူဟာကို စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #စစ်ကောင်စီ #ဖမ်းဆီး #အမျိုးသားတဦး #လျှပ်စစ်မီး #ဝေဖန်မှု #လူမှုကွန်ရက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10