ဝက်လက်က စခန်းသိမ်းတိုက်ပွဲမှာ စခန်းမှူးနဲ့ ဒုရဲအုပ်အပါ ၁၆ ဦးဖမ်းမိပြီး သေနတ် ၃၀ ကျော်ရရှိခဲ့

ဝက်လက်က စခန်းသိမ်းတိုက်ပွဲမှာ စခန်းမှူးနဲ့ ဒုရဲအုပ်အပါ ၁၆ ဦးဖမ်းမိပြီး သေနတ် ၃၀ ကျော်ရရှိခဲ့

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က သေဆုံးသူတွေ၊ အရှင်ဖမ်းမိသူတွေနဲ့ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းအချက်အလက်တွေကို NUG MOD က နိုဝင်ဘာ ၂၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ့ ရဲစခန်းကို နိုဝင်ဘာလ ၂၁ရက် မနက် ၂ နာရီလောက်ကစတင်ကာ အမှတ် ၁ စစ်ဒေသ၊ အမှတ် ၂ ရွှေဘိုခရိုင်ကွပ်ကဲမှုနဲ့ ဒေသခံမဟာမိတ်အဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

စခန်းသိမ်းတိုက်ပွဲမှ BA-94  ၃ လက်၊ MA-13 ၃ လက်၊ BA-63 ၁၆  လက် (၃ လက် ပျက်စီး)၊ BA-64 ၁ လက်၊ 79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၁၂ ဗို့ ပြောင်းချော  ၂ လက်၊ ၃၈ ဗို့ ပြောင်းချော  ၁ လက်၊ ၃၈ ဗို့ ၆ လုံးပြူး  ၄ လက်၊ ၇.၆၂ မမ ကျည် ၅,၅၈၇ တောင့်၊ ၉ မမ ကျည် - ၇၀၀ တောင့်နဲ့ အခြားကျည်မျိုးစုံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ စိန်ရောင်ခြည်လက်ပစ်ဗုံး ၂၀ လုံး၊ ကျည်ဘောက် ၃၈ ခု၊ Jammer စက်အပါအဝင် ရဲတပ်ဖွဲ့သုံးဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။

လက်ရှိမှာ “အဲဒီစခန်းကို စစ်တပ်ကပြန်ပြီးအထိုင်ချဖို့ကြိုးစားနေတယ်"လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၁ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာသလို စစ်ကောင်စီဘက်က ၃ ဦးသေကာ စခန်းမှူး နေအောင်ကျော်နဲ့ ဒုရဲအုပ်အဆင့် ၂ ဦးအပါအဝင် စုစုပေါင်း ရဲ ၁၆ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွေဘို #ဝက်လက် #ရွှေပန်းကုန်းကျေးရွာ #စခန်းသိမ်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10