ဝက်လက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

ဝက်လက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းက စစ်ကောင်စီစစ်ကြောင်းကို ဖေဖေါ်ဝါရီလ ၂၈ ရက် မနေ့မနက်ပိုင်းက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ရာ ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ Eagle Guerrilla Force အဖွဲ့ဆီက သိရပါတယ်။

ဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကနေ အင်အား ၈၀ လောက်နဲ့ လာတဲ့စစ်ကြောင်းကို မနက် ၉ နာရီခွဲလောက်က မုဆိုးခြုံရွာအနီးမှာ ရော့ကက် ၁၀ လုံးအပြင် ၉၀ မမ လက်နက်ကြီးတွေနဲ့ အချိန် ၁ နာရီနီးပါးကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။   

"စစ်ကြောင်းက ခြေလျင်ထွက်လာတာ၊ ရှေ့တကြောင်း နောက်တကြောင်းလာတာကို နောက်ကစစ်ကြောင်းရှေ့ကို ရော့ကက်ကျည်ကျသွားတာမှာ စစ်သားတယောက် သေပြီး ၂ ယောက် ဒဏ်ရာရသွားတယ်" လို့ Eagle Guerrilla Force အဖွဲ့တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အဲဒီစစ်ကြောင်းဟာ ည ၁၁ နာရီလောက်မှာတော့ ဘိုတဲကျေးရွာကို ပြန်လည်ထွက်ခွာသွားပြီး အဘွားအိုတဦးကို မီးရှို့သတ်ဖြတ်သွားတယ်လို့ သိရပြီး၊ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် - ၁၅ တပ်ရင်း Eagle Guerrilla Force တပ်ခွဲ ၁ နဲ့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Fight For Freedom တပ်ခွဲ ၂ တို့ ပူးပေါင်းခဲ့တာ ဖြစ်ပြီး၊ တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

Eagle Guerrilla Forceအဖွဲ့ဟာ တိုက်ခိုက်ရေးတွေအပြင် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်ကလည်း ရွှေဘိုမြို့နယ်ထဲက NUG မူလွန်ကျောင်းတကျောင်းကို မလေးရှားနိုင်ငံ ဂျိုဟိုးစီနိုင်း ၂ ငါးလုံးအဖွဲ့က လှူဒါန်းတဲ့ ကျောင်းသုံးပစ္စည်းတွေကိုလည်း အလှူရှင်တွေကိုယ်စား လှူဒါန်းခဲ့ကြပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10