ဝက်လက်က ဒေသခံ ၆ ဦးကို စစ်တပ်ကဖမ်းဆီး

ဝက်လက်က ဒေသခံ ၆ ဦးကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာက ပြည်သူ ၅ ဦးနဲ့ ရေထွက်ရွာက ရွာခံ ၁ ဦးကို စစ်ကောင်စီတပ်က သြဂုတ် ၃၀ ရက် မနက် ၅ နာရီခွဲလောက်မှာ ဓားစားခံအဖြစ် ဖမ်းဆီးသွားတယ်လို့ လှတောပကဖဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ်လ ၂၈ ရက် မနက် ၃ နာရီလောက်မှာ  လှတောရွာထဲကို ရုတ်တရက်ဝင်ရောက်လာတဲ့အတွက် ဒေသခံတချို့ဟာ ထွက်ပြေးချိန်မရလိုက်ဘဲ ရွာထဲမှာ ပိတ်မိနေခဲ့ပါတယ်။ 

အဲ့ဒီရွာထဲမှာ ကျန်နေခဲ့တဲ့ ပြည်သူတွေဆီကနေ ရွှေ၊ ငွေတွေ ယူဆောင်သွားသလို ကိုချစ်ဦး ၅၀ နှစ်၊ ကိုဖိုးနီတိုး ၃၀ နှစ်၊ ကိုဖိုးအောင် ၃၀ နှစ်၊ ဇော်မင်းထက် ၃၀ နှစ်နဲ့ ကိုငနက် ၃၀ နှစ် တို့ကို ဓားစားခံအဖြစ် ရေထွက်ရွာထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ 

ဒါ့အပြင် ရေထွက်ရွာက မောင်သန့် ၃၀ နှစ်ကိုလည်း ထပ်မံဖမ်းဆီးသွားတယ်လို့ လှတောပကဖ တပ်ဖွဲ့ဝင်တဦး က ပြောပါတယ်။

“ရွာသားတွေကတော့ အခုချိန်ထိ ပြန်မလွှတ်လာသေးဘူး။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ ကျနော်တို့လည်း စုံစမ်းနေတုန်းဘဲ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် သြဂုတ်လ ၂၉ ရက်ကလည်း အဲ့ဒီစစ်ကောင်စီတပ်ဟာ လှတောရွာ ရွှေမှုံတောဘုရားဝန်းမှာ တပ်စွဲထာပြီး သူတို့ရဲ့အခြေနေကို စုံစမ်းဖို့သွားတဲ့ ပကဖအဖွဲ့ဝင် ၃၃ နှစ်အရွယ် ကိုအောင်နိုင်ဝင်း နဲ့  ၂၉ အရွယ် ကိုဦး တို့ကို ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကပစ်ခတ်ခဲ့တာကြောင့် ကိုဦး ကပွဲချင်းပြီး သေဆုံးခဲ့ကာ ကိုအောင်နိုင်ဝင်းကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ စစ်အုပ်စုဟာ သြဂုတ်လ ၂၆ ရက်ကလည်း ကျီးကန်းမြောက်ရွာနဲ့ တောင်ရွာက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်ကြောင်းထိုးရင်း သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း − လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #လှတောကျေးရွာ #ရေထွက်ရွာ #ဓားစာခံ #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10