သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့တဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ရွာသာကြီးတိုက်နယ်ပကဖ ဒုတာဝန်ခံ ကိုနေက ပြောပါတယ်။
အဲဒီကြိုဆိုမှုကိုတော့ ဝက်လက်မြို့နယ်အနောက်ခြမ်း၊ တပ်ရင်း ၁ နယ်မြေ၊ ရွာသာကြီးတိုက်နယ်ထဲက ပြည်သူတွေက မေ ၆ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲကနေ စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်နဲ့ မေ ၆ ရက်က ဝက်လက်မြို့နယ် အရှေ့ခြမ်းကို ဝင်လာချိန် မနက် ၁၀ နာရီလောက်မှာ တလိုင်းကျေးရွာအနီးကနေ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ တိုက်ထုတ်နိုင်ခဲ့တာပါ။
အဲဒီ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂ နဲ့ ဒေသခံတပ်ဖွဲ့တွေပေါင်းကာ တိုက်ထုတ်ခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုခရိုင် တပ်ရင်း ၁ M. Sai Naw ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝက်လက်မြို့နယ်က ရွာသာကြီး စစ်ကောင်စီတပ်အထိုင်ချတဲ့ စခန်းကိုလည်း ဖေဖေါ်ဝါရီလဆန်းပိုင်းက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။
စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#စစ်ကိုင်း #ဝက်လက် #စစ်တပ် #ပြည်သူ့ကာကွယ်ရေး #တိုက်ခိုက် #ပြည်သူ #ကြိုဆို
Share Share Share