ဝက်လက်မြို့နယ်က စစ်ရှောင်ပြည်သူ ၂၀၀ ကျော်ကို အခမဲ့ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပို့ရေးအဖွဲ့နဲ့ CDM ကျန်းမာရေး ဆရာ /ဆရာမတွေက မတ် ၂၃ ရက်မှာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးကာ နေအိမ်တွေကိုမီးရှို့နေတာကြောင့် နေရပ်မပြန်ရဲကြတဲ့ သရက်ချောင်းရွာ၊ ငရယ်ရွာ၊ တောကျောင်းကြီးကျောင်းတိုက်တို့မှာရှိတဲ့ စစ်ရှောင်ပြည်သူ ၂၀၀ ကျော်ထဲက ဆေးကုသဖို့ လိုအပ်နေသူတွေကို ဆေးဝါးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေထဲက လူနာ ၈၇ ယောက် ကုပေးခဲ့ရပြီး ဖျားနာတာ သွေးတိုးတွေအဖြစ်များကာ ဝမ်းပျက် ဝမ်းလျောတဲ့ကလေး တယောက်လောက်ပဲ ရောဂါပြင်းထန်တယ်လို့ CDM သားဖွားဆရာမက ပြောပါတယ်။

စစ်ရှောင်တွေကို ဆေးကုသပေးရာ ကလေးငယ်တွေမှာ ချောင်းဆိုးရင်ကျပ်တာ၊ ဖျားနာတာ၊ အဆုတ်ရောင်တာ တွေများသလို သက်ကြီးရွယ်အိုတွေမှာ သွေးတိုးရောဂါအဖြစ်များပြီး ဆီးချိုနဲ့သွေးပေါင်ကျတဲ့ရောဂါတွေကို ကုသပေးခဲ့ရတယ်လို့ ဆရာမက ဆက်ပြောပါတယ်။

ဆေးဝါးကုသရာမှာလည်း CDM သားဖွားဆရာမနဲ့ ကျန်းမာရေးကြီးကြပ်(၂) ဆရာမတို့က ကျန်းမာရေးစောင့်ရှောက်ပေးတာဖြစ်ပြီး စစ်တပ်စခန်းချ တပ်စွဲတဲ့နေရာနဲ့နီးတဲ့အတွက်လမ်းခရီးလုံခြုံရေးကို ဗိုလ်ကျားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်ပါကူညီပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူအများစုက ၁ နှစ်ကျော်စစ်ရှောင်နေရတာဖြစ်သလို နေအိမ်မီးရှို့ခံရလို့ တောတောင်တွေ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ မြစ်ကမ်းဘေးမှာ ယာယီတဲထိုးကာနေထိုင် နေကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဝက်လက် #စစ်ရှောင်ပြည်သူ #ကျန်းမာရေးစောင့်ရှောက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10