ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်အုပ်စုကသတ်သွား

ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်အုပ်စုကသတ်သွား

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက မေ ၁၀ ရက် ညနေ ၆ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝက်လက်မြို့၊ အမှတ် (၃) စိန်တွင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုငြိမ်းချမ်းအောင်ဟာ မွေးရာပါ စိတ်မကျန်းမာသူတဦးဖြစ်ပြီး မြို့ထဲလမ်းလျှောက်နေစဉ် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား တွေကို သေနတ်နဲ့ ပစ်သတ်သွားသလို အလောင်းကိုလည်း မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့ပေါ်မှာ ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ 

အခုလို ကိုငြိမ်းချမ်းမောင် အသတ်ခံရတာနဲ့ ပတ်သက်ပြီး လက်တုံ့ပြန်တဲ့အနေနဲ့ People’s Servant Revolutution - Wetlet တပ်ဖွဲ့က မေ ၁၂ ရက် ညနေ ၆ နာရီခွဲလောက်မှာ ဝက်လက်မြို့နယ် မင်းစုရပ်ကွက် ဘက်ကို ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

“ ဒီလိုလုပ်ဆောင်မှုမျိုးတွေကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ လုံးဝလက်သင့်မခံဘူး။ အဲ့အတွက်ကြောင့် သူတို့ (စစ်ကောင်စီ) ကင်းလှည့်လာတဲ့အချိန် သွားရောက်ပစ်ခတ်ခဲ့တာ” လို့ People’s Servant Revolution - Wetlet တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ကလည်း ဝက်လက်မြို့ပေါ်က ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက အခုလို ပစ်ခတ်သတ်ဖြတ်တာမျိုးတွေ လုပ်ဆောင်ခဲ့ဖူးသေးတယ်လို့လည်း သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့ #စိတ်ကျန်းမာရေး #စစ်ကောင်စီ #ပစ်သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10