ဝက်လက်မှာ ခေါင်းဖြတ်ခံထားရတဲ့ လူသေအလောင်း ၂ လောင်းတွေ့

ဝက်လက်မှာ ခေါင်းဖြတ်ခံထားရတဲ့ လူသေအလောင်း ၂ လောင်းတွေ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ခေါင်းဖြတ်အသတ်ခံထားရတဲ့ လူသေအလောင်း ၂ လောင်းကို နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ Phoenix Defence Force တပ်ဖွဲ့ဆီက သိရပါတယ်။

Phoenix Defence Force တပ်ဖွဲ့ဝင်တွေက တောနင်းနေချိန် ဝက်လူးအိုင်ကျေးရွာအဝင်လမ်းရဲ့မြောက်ဘက် ရထားလမ်းအရှေ့ဘက် ပြောင်းဖူးခင်းထဲမှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်း ၂ လောင်းတွေ့ ရှိ့ခဲ့တာလို့ ဆိုပါတယ်။

"အားကစားဘောင်းဘီအတိုနဲ့ ယောက်ျားအလောင်း ၂ လောင်းတွေ့တာပါ။ စစ်သားလား ရွာသားလားတော့ သေချာမသိရသေးပါဘူး။ ဖမ်းဆီးခံ ရွာသားရှိမရှိ စုံစမ်းနေပါတယ်" လို့ တပ်ဖွဲ့တာဝန်ခံ သိန်းငှက် က မြေလတ်အသံကိုပြောပါတယ်။

အနီးဝန်ကျင်ကျေးရွာတွေက တာဝန်ရှိသူတွေကိုလည်း ပြည်သူဟုတ်မဟုတ် စိစစ်အတည်ပြုနိုင်ဖို့နဲ့ ဖမ်းဆီးခံပြည်သူရှိမရှိကိုလည်း စုံစမ်းနေတယ်လို့ သူကဆက်ပြောပါတယ်။

အလောင်းတွေကိုတော့ နီးစပ်ရာ‌ကျေးရွာကတာဝန်ရှိသူတွေကို မြေမြှုပ်ပေးဖို့ အကူညီတောင်းထားတယ်လို့ တာ၀န်ခံ သိန်းငှက်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်မှာလည်း ကျီးကန်မြောက်ရွာက ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး အဲ့ဒီထဲက ၄ ဦးကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #၀က်လက် #အသတ်ခံရ #အလောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10