ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီလ ၂၇ ရက်မနေ့ညနေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Eagle Guerrilla Force အဖွဲ့က ပြောပါတယ်။

ဝက်လက်မြို့နယ် အရှေ့ဘက်ကိုထွက်လာတဲ့ ခလရ ၃၃ နဲ့ ခလရ ၁၁ မှစစ်သားအင်အား ၃၀ ဝန်းကျင်ကို ဝက်လက်ရွှဲရွာအနီး ညနေ ၃ နာရီလောက်မှာ ၉၀ မမ ၅ လုံး ရော့ကက် ၇ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့က မနေ့မနက်အစောပိုင်းကတည်းက စစ်ကြောင်းထွက်လာပြီး တနေကုန်ကင်းပုန်းဝတ်နေတာ ကျနော်တို့ကလည်း ဇွဲကောင်းကောင်းနဲ့ စောင့်နေတာ၊ သူတို့ထွက်လာလို့ ဝက်လက်ရွှဲရွာ အနောက်ဘက်လည်းရောက်ရော ကျနော်တို့က ပစ်တာမှာ သူတို့အလယ်ကောင်ကိုကျပြီး ထိကုန်တာ” လို့ ဝက်လက် Eagle Guerrilla Force အဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၁၅ တပ်ခွဲ ၁ Eagle Guerrilla Force၊ တပ်ရင်း၁ နဲ့  ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၈ ဦးနဲ့အထက် ဒဏ်ရာရသွားပြီး ညနေပိုင်းမှာတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မူးလမ်းအတိုင်း ရွှေဘိုဘက်ကို Lite Truck ကားနဲ့ သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၂၈ ရက်ဒီနေ့မနေ့မှာတော့ သခွတ်တောရွာက ကျေးရွာခေါင်းဆောင် (ပအဖ)ရဲ့အိမ်ကို မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတဦးကလည်း ဆိုပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း အဆိုပါစစ်ကြောင်းက ပင်းစင်းရွာကနေအိမ် ၁၃၅ လုံးနဲ့ စပါးဂိုဒေါင်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ လက်ရှိမှာလည်း ဝက်လက်မြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ သိရပါတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10