ဝက်လက်မှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ဝက်လက်မှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ဝက်လယ်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စုကို ဖေဖော်ဝါရီလ ၂ ရက်မနေ့က နေ့လယ်ပိုင်းမှာ ဒေသခံ PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ - ဝက်လက်က သတင်းထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ အင်အား ၃၀ ဝန်းကျင်နဲ့ မြို့မြောက်ဘက်ကို ကားနဲ့ထွက်လာချိန် ကုန်းကြီးရွာ(ဒေသအခေါ်ကုန်းကြီးကွေ့)အနီးမှာ နေ့လယ် ၁၂ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စစ်သားနဲ့ပျူတွေက ခန့်မှန်းအင်အား ၃၀ လောက်နဲ့ ထွက်လာတာကို မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်တာပါ။  သူတို့ကလည်း ပြန်ပစ်တယ်။ ကြာမြင့်ချိန် မိနစ် ၂၀ လောက်တော့ ရှိမယ်။ မျက်မြင်ကတော့ စစ်အုပ်စုဘက်က ၅ ဦး သေတယ်။ ဝက်လက်ဆေးရုံကို ရောက်နေတဲ့ ၂ ယောက်လည်း ပြင်းထန်ဒဏ်ရာရတယ်" လို့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ - ဝက်လက်ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ မွန်ကြီးက ပြောပါတယ်။

လျှပ်စီးပြောက်ကျားတပ်ဖွဲ့ - ဝက်လက်၊ People's servent revolution force တို့က ဒေသခံ ပ.က.ဖ တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

မဟာမိတ်အဖွဲ့တွေက ကင်းပုန်းဝပ်ကာ စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်အုပ်စုအနေနဲ့ ရှေ့ဆက်မသွားတော့ပဲ ဝက်လက်မြို့ထဲကို ပြန်ဝင်သွားတယ်လို့ တာဝန်ခံ မွန်ကြီးက ဆက်ပြောပါတယ်။

သူတို့အဖွဲ့ဟာ ဇန်နဝါရီလ ၂၂ ရက်ကနေ ၂၇ ရက်အတွင်း ဝက်လက်မြို့နယ်ထဲက ဟံလင်းကျေးရွာ၊ ပင်းဇင်းကျေးရွာ၊ ခေါတောရွာ၊ မင်းစုကျေးရွာအပြင် ၀က်လည်ရွဲကျေးရွာအနီးတို့မှာ စစ်အုပ်စုနဲ့ ၅ ကြိမ် ထိတွေ့တိုက်ခိုက်ခဲ့ကြပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10