ဝက်လက် GZ Special Task Force က အထူးစစ်ဆင်ရေးနဲ့ မြို့ပြစစ်ဆင်ရေးလေ့ကျင့်

ဝက်လက် GZ Special Task Force က အထူးစစ်ဆင်ရေးနဲ့ မြို့ပြစစ်ဆင်ရေးလေ့ကျင့်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ အခြေစိုက်ထားတဲ့ G Z Special Task Force - Wetlet အဖွဲ့ဟာ အထူးစစ်ဆင်ရေးနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးလေ့ကျင်မူတွေပြုလုပ်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။ 

မြို့ပြစစ်ဆင်ရေး လေ့ကျင့်မှုကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့မှ သင်တန်းဆရာ ၂ ဦးက တပ်စိပ် ၁ စိပ်စာပါ အင်အား ၁၂ ဦးကို သင်ကြားပေးနေတာလို့ ဆိုပါတယ်။

"စစ်ကောင်စီယှဥ်တဲ့အခါမှာ ရဲဘော်တွေရဲ့ ကြံ့ခိုင်ရေး၊ သက်လုံကောင်းဖို့၊ အသာစီးရဖို့၊ လေ့ကျင့်ပေးတာပါ။ မြို့ပေါ်တွေက စစ်ကောင်စီအထိုင်ချတဲ့ နေရာတွေ၊ ဘန်ကာတွေကို လျှပ်တပြက်အသာစီးယူ တိုက်ခိုက်ဖို့ပါ။ နောက်တခုက စစ်ကြောင်းထိုးတဲ့နေရာမှာ စနစ်တကျခြုံခိုတိုက်ခိုက်ဖို့ လေ့ကျင့်တာပါ" လို့ GZ Specical Task Force - Wetlet တာဝန်ခံက ပြောပါတယ်။

လေ့ကျင့်ရာမှာ ဒိုက်ထိုးတာ၊ ရေကူးတာ၊ အလေးမတာနဲ့ အဝေးပြေးတာစတဲ့ မြို့ပြစစ်ဆင်ရေးအတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေရတာလို့ သူကဆက်ပြောပါတယ်။

ဇွန်လ ၃ ရက်က စတင်လေ့ကျင့်တာဖြစ်သလို လေ့ကျင့်ကာလရက် ၂၀ ခန့် ကြာမြင့်မှာဖြစ်ပြီး အခုလေ့ကျင့်မှုဟာ ပထမအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

G Z Special Task Force -Wetlet အဖွဲ့ဟာ ဝက်လက်မြို့နယ် အပြင်နယ်မြေချင်း ထိစပ်နေတဲ့ စစ်ကိုင်း၊ ရွှေဘို၊ အရာတော်မြို့နယ်တွေမှာလည်း လူပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက် မနက် ၆ နာရီလောက်ကလည်း GZ အဖွဲ့ဟာ ဝက်လက်မြို့ ကနေ ဟံလင်းမြို့ဟောင်းကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်လောက်ကို ဘင်တဲကုန်းကျေးရွာအနီးကနေ  ၆၀ မမလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်ကတော့ ရွှေဘိုမြို့နယ်၊ ဘုံးဘွဲ့ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့တိုက်ပွဲမှာ GZ Special Task Force – Wetlet ရဲဘော်ကတုံးနဲ့ ရဲဘော်မု့န်လုံးတို့  ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ဝက်လက် #GZ Special Task Force #စစ်ကိုင်းတိုင်း #ဟံလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10