ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေး ၂ ကောင် ကျန်းမာနေပြီး လာကြည့်သူတွေလည်းများလာ(ရုပ်/သံ)

ဝင်္ဂဘော်ဆင်စခန်းက ဆင်အမွှာလေး ၂ ကောင် ကျန်းမာနေပြီး လာကြည့်သူတွေလည်းများလာ(ရုပ်/သံ)

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီးက ဝင်္ဂဘော် ECBT ဆင်စခန်းမှာရှိတဲ့ ပုလဲဆင့်နဲ့ ကျော်ပုလဲ ဆင်အမွှာလေး ၂ ကောင်ဟာ ကျန်းကျန်းမာမာရှိနေပြီး သူတို့ကိုလာရောက်ကြည့်သူတွေလည်း ယခင်ကထက် ပိုမိုများပြားနေပါတယ်။ 

ဆင်အမွှာလေး ၂ ကောင်ကို အသက် ၂၁ နှစ်အရွယ် ဆင်မလေးပုလဲစန္ဒာက သြဂုတ် ၂၆ ရက်မနက်ပိုင်းမှာ မွေးခဲ့တာပါ။ အဲဒီအထဲကမှ အကြီးဆုံးဆင်မလေးကို ပုလဲဆင့်နဲ့ အငယ်ဆင်အထီးလေးကို ကျော်ပုလဲ လို့အမည်ပေးထားတာ ဖြစ်ပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုကိုတော့ ဆင်ဆရာဝန်တွေက ကုသပေးပြီး ဆင်အမွှာလေးတွေဟာ အစာလည်း မစားတတ်ကြသေးသလို ရေလည်းမချိုးတတ်သေးလို့ အစစအရာရာ ဆင်ထိန်းတွေကပဲ တာဝန်ယူပြုစုပေးနေတာလို့ စခန်းထဲက ဆင်မိသားစုဝင်တဦးက ပြောပါတယ်။

ဆင်မလေး ပုလဲဆင့်နဲ့ ဆင်အထီးလေး ကျော်ပုလဲကို မွေးပြီးနောက် ဝင်္ဂဘော်ဆင်စခန်းကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေဟာ ယခင်လတွေထက် သိသိသာသာ ပိုများလာနေကြတယ်လို့  ဆင်စခန်းမှာနေတဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

လက်ရှိ ဆင်အမွှာလေးတွေဟာ တလသားကျော်အရွယ်ကို ရောက်နေကြပါပြီ။ ကျန်မာရေးကောင်းမွန်နေပြီး မွေးစကတော့ မိခင်ဆင်နို့အပြင် Dumex Step 2 ကိုဖျော်ပြီး တိုက်ကျွေးရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆင်မိခင်ကို ဆေးဝါးတွေအပြင် စပါးစတဲ့ ဆင်အစားအစာတွေကို ပုံမှန်ကျွေးမွေးနေလို့ နို့ထွက်အားကောင်းနေကာ ဆင်လေးတွေကိုလည်း မိခင်နို့ပဲဆက်ပြီး တိုက်ကျွေးနေပါတယ်။ 

၂၀၁၆ မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အဲ့ဒီဆင်စခန်းမှာ အခုဆင်အမွှာ ၂ ကောင်အပါအဝင် ဆင်အထီး ၂ ကောင်နဲ့ အမ ၇ ကောင်၊ စုစုပေါင်း ဆင် ၉ ကောင်ရှိတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပဲခူး #ဘုရာကြီး #ဝင်္ဂဘော်ဆင်စခန်း #ဆင်အမွှာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10