ဝန်းသိုနယ်က ဒေသခံပြည်သူ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

ဝန်းသိုနယ်က ဒေသခံပြည်သူ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်က ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဝန်းသိုမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အဆိုပါ ဒေသခံပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက်မှာ ဝန်းသိုမြို့ရဲစခန်းကို ဖမ်းဆီးခေါ် ဆောင်ထားပြီး နောက်နေ့မနက်မှာတော့ ကောလင်းမြို့နဲ့ ပင်လယ်ဘူးမြို့သွားတဲ့ လမ်းခွဲမှာ အဆိုပါ ဒေသခံ ပြည်သူ ၁၉ ဦးရဲ့ အလောင်းကိုစွန့်ပစ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ပါဝင်ပြီး အဲဒီထဲမှာ ကောလင်းမြို့နယ်ထဲက ဒေသခံတွေဖြစ်တဲ့ မခင်စိန်၊ ကိုသိန်းဌေး၊ ကိုဟိန်းဖော်ထွန်း၊ ကိုထွန်းဇော်လှိုင်၊ ကိုမောင်ထွန်းတို့ရဲ့ နာမည်တွေကိုသာ သိရှိရပြီး ကျန် ၁၄ ဦးရဲ့ နာမည်တွေနဲ့ နေရပ်တွေကိုတော့ အတိအကျ မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။ 

 အသတ်ခံရတဲ့အထဲမှာ ကောလင်းကရော အခြာအမည်မသိ၊ ကျေးရွာမသိတဲ့ လူတွေရောပါတယ်။ သူတို့ တွေထဲမှာ စပါးကုန်သည်ပွဲစားတွေ၊ ဆီကုန်သည်တွေရော ပါတယ်။ သူတို့စီးလာတဲ့ ကားတွေကိုလည်း ယူသွားတယ်။ ကားပေါ်မှာပါလာတဲ့ ဆန်တွေနဲ့ ဆီတွေကိုလည်းယူသွားတယ်။ နောက်နေ့ မနက်မှာ လူတွေကိုတော့ သတ်ပြီး လာချသွားတယ်” လို့ ဝန်းသိုမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီဒေသခံပြည်သူ ၁၉ ဦး အသတ်ခံလိုက်ရတဲ့နေရာနဲ့ မနီးမဝေးမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့အတွက် အလောင်တချို့ကိုသာ ပြန်လည်ရရှိပြီး ကျန်တချို့ကတော့ ပြန်လည်မရရှိသေးဘူးလို့လည်း သိရပါတယ်။န်နဝါရီ ၂ ရက်ကလည်း ဝန်းသိုမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေက ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်ခဲ့လို့ ကောလင်းမြို့တွင်းကို ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၅ ဦးသေဆုံးသွားပြီး ၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း −လင်းဇေ

 #မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းခရိုင် #ဝန်းသိုမြို့  #စစ်ကောင်စီ #ပြည်သူ #အစုလိုက်အပြုံလိုက်သတ်

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10