သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပျူစောထီးခေါင်းဆောင်အပါ ၃ ဦးကိုတော် လှန်ရေးရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ WunTho Revolution.WR တပ်ဖွဲ့ထံကသိရပါတယ်။
ဇွန်လ ၁၆ ရက် မနက် ၇ အချိန်ခန့်မှာ ဝန်းသိုမြို့အရှေ့ဘက်ရှိ ရွှေကောင်းထက်ဆီဆိုင်မှာ ရပ်နားထားတဲ့ စက်သုံးဆီဘောက်ဆာကားတွေကို အခွန်ကောက်ဖို့ ကားနဲ့လာတဲ့ပျူစောထီး ၃ ဦးကို လက်ဦးမှုရယူပြီး၊ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်း၊ WunTho Revolution (WR) အဖွဲ့ စစ်မြေပြင်ထောက်လှမ်းရေးနဲ့ သတင်းစုဆောင်းရေးအရာရှိတဦးက မြေလတ်အသံကို ပြောပါတယ်။
"ပျူခေါင်းဆောင်နဲ့အဖွဲ့ အခွန်လာကောက်မှာ သိလို့ကြိုစောင့်နေခဲ့တာပါ။ ပျူတွေဆီဆိုင်ထဲရောက်တာနဲ့ ဝင်ပစ်ခဲ့တာပါ။ သူတို့ဘက်က ပြန်မပစ်နိုင်ခဲ့ပါဘူး။ ပျူခေါင်းဆောင်အပါ ၃ ဦးနေရာမှာ ပွဲချင်းပြီးသေသွားတယ်။ လက်နက်ခဲယမ်းတွေလည်း ရခဲ့တယ်" လို့ သူကပြောပါတယ်။
တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့သူတွေမှာ ဝန်းသိုမြို့ ပျူစောထီးခေါင်းဆောင်ကျော်ဝင်းမောင်၊ ဝင်းကို နဲ့ အမည်မသိသူတဦးတို့ဖြစ်ပြီး၊ အဲဒီပျူအများစုဟာ လူစိတ်မရှိကြဘဲ၊ ပြည်သူတွေကိုသတ်တာ အိမ်တွေမီးရှို့တာပစ္စည်းတွေ မတရားသိမ်းတာ ဆက်ကြေး ကောက်တာတွေလုပ်နေတော့ ရှင်းလင်းခဲ့ရတာလို့ သူက ဆက်ပြောပါတယ်။
ပျူတွေထံကလည်း ကာဘိုင်သေနတ် ၁ လက်နဲ့ ကျည်ဘောက် ၂ ခု၊ KA သေနတ် ၁ လက်နဲ့ကျည်ဘောက် ၂ ခု ၊ လက်လုပ်သေနတ် အတိုတလက်၊ ကော်သေနတ်တလက်၊ ကျည်အမျိုးအစားက 9.5 မီလီကျည်ဆံတချို့ နဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ် လို့ဆိုပါတယ်။
ပျူသုံးဦးကို ရှင်းလင်းရာမှာ ဝန်းသို PDF.နဲ့အတူ ဝန်းသို ပကဖ အဖွဲ့အင်အား ၉ ဦးနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းမှာလည်း စစ်သားနဲ့ ပျူစောထီးတွေက ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်၊ ဇင်းကျေးရွာအနားမှာရှိတဲ့ စစ်ရှောင်တဲ ၉ လုံး၊ ကျွဲနှစ်ကောင်၊ နွားတကောင်၊ ဆန်တင်း ၆၀ ကျော်တိုကို့လည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#စစ်ကိုင်း #ကောလင်း #ဝန်းသို #ပျူစောထီး #PDF #ပကဖ
Share Share Share