ဝမ်းတွင်းမြို့နယ်ရဲမှူး စီးနင်းလာတဲ့ကား မိုင်းဆွဲခံရလို့ ရဲမှူးအပါ ၄ ဦးသေဆုံး

ဝမ်းတွင်းမြို့နယ်ရဲမှူး စီးနင်းလာတဲ့ကား မိုင်းဆွဲခံရလို့ ရဲမှူးအပါ ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ နတ်နန်းရွာနဲ့ ထနောင်ကုန်းရွာအကြားမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ စီးနင်းလာတဲ့ကားကို ဧပြီ ၅ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force-WTRF အဖွဲ့ဆီက သိရပါတယ်။

ပင်းတလဲနယ်ကနေ ဝမ်းတွင်းမြို့ဘက်ပြန်လာတဲ့ ဝမ်းတွင်းမြို့နယ်ရဲမှူး ဝင်းကျော်သူနဲ့အဖွဲ့ လိုက်ပါလာတဲ့ကားကို ည ၇ နာရီခန့်က ပင်းတလဲ-ဝမ်းတွင်း လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ရာ ရဲမှူးအပါ ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"ယာဥ်တန်းကားက ၄ စီးသွားတာ။ အပြန်ကျ မြို့နယ်မှူးပါတဲ့ ကား ၁ စီးပဲ ပြန်လာတာသိလို့ မိုင်းဆွဲခဲ့တာပါ။ ကားရော လူရောတစစီပဲ။ ရဲမှူးနဲ့ ရဲ** တွေ ၄ ယောက်သေတယ် "လို့ WTRF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ရာမှာ ပေါက်ကွဲအား ပြင်းထန်အောင် ပြင်းအားမြှင့်မိုင်း ၁ လုံးသာထောင်ပြီး တိုက်ခိုက်ခဲ့တာဖြစ်သလို သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ညတွင်ချင်း လူနာတင်ကားနဲ့ သယ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ သီးကုန်ရွာ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး လက်တိုမောင်ပုဆိုသူကို မြို့နယ်ထွေအုပ်ရုံးကအပြန် လမ်းမပေါ်မှာ ရင်ဘတ်ကို သေနတ် ၅ ချက်ပစ်ကာ WTRF အဖွဲ့က ရှင်းလင်းခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - မိုင်းဆွဲတိုက်ခိုက်နေပုံနှင့် သေဆုံးခဲ့သည့် မြို့နယ်ရဲမှူး ဝင်းကျော်သူ။

စာတည်း - ဇို

#မြေလတ်အသံ

#မန္တလေး #မိတ္ထီလာ #ဝမ်းတွင်း #စစ်ကောင်စီ #ရဲတပ်ဖွဲ့ဝင် #မိုင်းဆွဲတိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10