ဝမ်းတွင်းမှာ တပ်မ ၉၉ တပ်သား ၁ ဦး ပစ်သတ်ခံရ

ဝမ်းတွင်းမှာ တပ်မ ၉၉ တပ်သား ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ထဲမှာ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ တပ်သား သန့်ဇင်ထွေး (ခ) ကိုထွေး ကို မတ်လ ၁၀ ရက်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force တပ်ဖွဲ့ဆီက သိရပါတယ်။

ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာကနေ ပြန်လာတဲ့ တပ်သားသန့်ဇင်ထွေးကို မတ်လ၁၀ရက် ညနေ ၄ နာရီလောက်က ပင်းတလဲ-ဝမ်းတွင်းလမ်းပေါ်က ပြည့်ဝဘုရားအနီးမှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

"ကျင်းရွာကနေပြန်အထွက်မှာ ရှေ့ရင်ဘက်ကို ၃ ချက်၊ နောက်ကျော ၂ ချက် ပစ်ခတ်ခဲ့တယ်။ ဆိုင်ကယ်မောင်းနေတုန်း ရှေ့ကကြိုပစ်တာဆိုတော့ သွေးရူးသွေးတန်း ဆက်မောင်းသွားတာ။ မလှမ်းမကမ်းမှာ လဲကျသေသွားတယ်” လို့ WTRF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကပြောပါတယ်။

ပစ်ခတ်ချိန်အတွင်း အဆိုပါတပ်သားဟာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးခဲ့ပြီး ပစ်ခတ်တဲ့နေရာနဲ့ မီတာ ၂၀၀ ခန့်အကွာမှာ လဲကျသေဆုံးခဲ့တာလို့ သူက ဆက်ပြောပါတယ်။ 

အခုလို ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာအခင်း ဖြစ်ပွားရာနေရာကို ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေရှိတဲ့အတွက် WTRF ရဲဘော်တွေအနေနဲ့ စစ်သားဆီကနေ သက်သေခံပစ္စည်းတွေကို မယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ဝမ်တွင်းမြို့နယ်၊ ပျူစောထီးနဲ့ ပြည်သူ့စစ်ခေါင်းဆောင် နန္ဒကျော်ဆိုသူကို WTRF တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္ထီလာ #တပ်မ၉၉ #စစ်သား #ရှင်းလင်းခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10