ဝမ်းတွင်းမှာ SB ရဲအုပ်တဦး သေနတ်နဲ့ ပစ်ခံရလို့သေဆုံး

ဝမ်းတွင်းမှာ SB ရဲအုပ်တဦး သေနတ်နဲ့ ပစ်ခံရလို့သေဆုံး

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ရဲသတင်းတပ်ဖွဲ့ Special Branch (SB)က ရဲအုပ်သိန်းဇော်မိုးကို ဇူလိုင်လ ၁၃ ရက် မနေ့ညနေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာသေဆုံးသွားတယ်လို့ Wundwin Township Revolution Force - WTRFက သတင်းထုတ်ပြန်ထားပါတယ်။

ဝမ်းတွင်းမြို့လယ် အမှတ်၂ အုပ်ချုပ်ရေးမှူးရုံးနဲ့ မီးပွိုင့်အနီးမှာ ညနေ ၅ နာရီခွဲလောက်က ခေါင်းကို သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"သူကမီးပွိုင့်နားက ထမင်းဆိုင်နားမှာ တယောက်တည်း ရစ်တစ်တစ်လုပ်နေတာကိုပစ်ခဲ့တာပါ။ သူ့ကိုလိုက်ထောက်နေတဲ့သူက တွေ့တာနဲ့ ဆော်လိုက်တာပွဲချင်းပြီးပဲ" လို့ WTRF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ SB ရဲအုပ်ဟာ ဝမ်းတွင်းမြို့နယ်အတွင်း မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေကိုဆက်ကြေးကောက်တာရှိသလို သတင်းပေးတွေ မွေးနေသူဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ စစ်အုပ်စုကရောက်လာပြီး အလောင်းကို မိတ္ထီလာဆေးရုံသယ်သွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၇ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနဲ့ တပည့်အပါ ၂ ဦးတို့ ထမင်းဆိုင်မှာ ထမင်းစားနေတာကို WTRF အဖွဲ့က သေနတ်နဲ့ ပစ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ဝမ်းတွင်း #SB #ရဲသတင်းတပ်ဖွဲ့ #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10