သင်တန်းဆင်း PDF ရဲဘော်တွေကို ဝမ်းသာကြိုဆိုကြတဲ့ မိသားစုနဲ့ ပြည်သူတွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ စစ်ရေးဌာနက ပြုလုပ်ခဲ့တဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်း  ကျားသစ်နက်တပ်မတော်က PDF ရဲဘော်တွေကို မိသားစုဝင်တွေနဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ သင်တန်းဟာ ၃ လတာကြာမြင့်ပြီး တပ်ရင်းအသီးသီးက PDF ရဲဘော် ၂၀၀ ဦး တက်ရောက်ကာ  မတ် ၂၂ ရက်က သင်တန်းဆင်းခဲ့တာလို့ ကျားသစ်နက် တပ်မတော်ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

သင်တန်းဆင်း PDF ရဲဘော်တွေကို  မိဘတွေ၊ မိသားစုဝင်တွေနဲ့  ဒေသခံ ပြည်သူတွေက ဝမ်းပမ်းတသာနဲ့ ပန်းကုံးစွပ်တာ သပြေပန်းတွေပေးတာ လက်ခုပ်တီးအားပေးကြတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ယင်းမာပင် #PDF #သင်တန်းဆင်း #ပြည်သူ #ကြိုဆို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10