သင်္ကြန်ကာလမှာ ပုလဲစစ်ရှောင်စခန်းနဲ့ ခက်ခဲနေတဲ့အမျိုးသမီးတွေကို ကျပ်သိန်း ၁၂၀ ကျော်ထောက်ပံ့

သင်္ကြန်ကာလမှာ ပုလဲစစ်ရှောင်စခန်းနဲ့ ခက်ခဲနေတဲ့အမျိုးသမီးတွေကို ကျပ်သိန်း ၁၂၀ ကျော်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ စစ်ရှောင်နဲ့ အခက်အခဲမျိုးစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို ဧပြီ ၁၃ ရက်က ကျပ်သိန်း ၁၂၀ ထောက်ပံ့ခဲ့တယ်လို့ ပုလဲမြို့နယ်အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာအဖွဲ့ဆီက သိရပါတယ်။

အခုလို ထောက်ပံ့ပေးရာမှာ အမျိုးသမီးဦးရေ ၅၇ ဦးအတွက် တဦးကို ၂၂၀,၀၀၀ ကျပ်နှုန်းဖြင့် ကျပ် ၁၂၅ သိန်းကျော် ထောက်ပံ့ပေးမှာဖြစ်ကာ လက်ရှိမှာ အမျိုးသမီး ၂၂ ဦးကို သင်္ကြန်အကြိုနေ့မှာ ထောက်ပံ့ပေးပြီး ဖြစ်သလို ကျန်ရှိတဲ့ ၃၅ ယောက်ကိုလည်း တောင်ပေါ်ဒေသအထိ သွားရောက်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျေးရွာတွေအထိ ကိုယ်တိုင်သွားရောက် ပေးခဲ့ပါတယ်။ သူတို့မှာ အခက်အခဲတွေက အများကြီးပေါ့။ သူတို့အတွက် တစိတ်တဒေသ အထောက်အကူဖြစ်နိုင်ဖို့ ကူညီပေးရတာပါ" လို့ ပုလဲမြို့နယ် အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ တာဝန်ခံ မအိသူသူမောင် ကပြောပါတယ်။

အခုလို ထောက်ပံ့မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ တဆင့် "GENS" အဖွဲ့က ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ အမျိုးသားသေဆုံးတဲ့မိခင်၊ အမျိုးသားနဲ့ကွာရှင်းထားတဲ့ မိခင်၊ အဓမ္မပြုကျင့်ခံရသူ၊ မိုင်းထိမှန်ခဲ့တဲ့ အမျိုးသမီးတွေကို သင်္ကြန်အကြို့နေ့မှာ စတင်ထောက်ပံ့ပေးခဲ့တာလို့ မအိသူသူမောင်က ဆက်ပြောပါတယ်။

ဒါ့အပြင် ပုလဲမြို့နယ်၊ ချောင်းဦးကျေးရွာ အထက်တန်းကျောင်းတာဝန်ခံ ဆရာကို သင်္ကြန်ကာလမှာ ကလေးငယ်တွေအား စတုဒီသာကျွေးမွေးဖို့ ၃၀,၀၀၀ ကျပ်နဲ့ ပုံတောင် Tiger တပ်ဖွဲ့ကိုလည်း ၁၀၀,၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပုလဲမြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ တပ်ဖွဲ့တွေကို ထောက်ပံ့ပေးရာမှာ ပုလဲမြို့နယ်ပအဖ ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံ၊ ပလဖ သတင်းတာဝန်ခံတို့ကလည်း ဝန်းရံကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပုလဲမြို့တွင်းက အခက်အခဲဖြစ်နေသည့် အမျိုးသမီးများအား ငွေသားထောက်ပံ့ပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #အမျိုးသမီးများ #ထောက်ပံ့ #GENS

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10