သန်းခေါင်စာရင်းကောက်တဲ့ ရာအိမ်မှူးကိုဝင်ပစ်ချိန် ထွက်ပြေးလို့ ကိုင်ဆောင်တဲ့လေသေနတ်ကို သိမ်းဆည်း

သန်းခေါင်စာရင်းကောက်တဲ့ ရာအိမ်မှူးကိုဝင်ပစ်ချိန် ထွက်ပြေးလို့ ကိုင်ဆောင်တဲ့လေသေနတ်ကို သိမ်းဆည်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က သန်းခေါင်စာရင်းကောက်ယူရာမှာပါဝင်တဲ့ ရာအိမ်မှူးကိုပစ်ခတ်ဖို့ ဝင်ရောက်ချိန်ထွက်ပြေးသွားလို့ သူကိုင်ဆောင်တဲ့ လေသေနတ်ကို သိမ်းဆည်းခဲ့တယ်လို့ BTZM GBK PDFက ဝာာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ မီးကောက်ပင်အုပ်စု  ရာအိမ်မှူးကိုထွန်းထွန်း ကို အောက်တိုဘာ ၁၅ ရက် မနက် ၃ နာရီလောက်က သူနေထိုင်တဲ့ ဒိုးနွယ်ရွာအိမ်ကိုဝင်ရောက်ပြီးပစ်ခတ်ဖို့ကြိုးစားချိန်ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

“ သူနေတဲ့တိုက်အိမ်တံခါးကို ရိုက်ဖျက်ဝင်နေတုန်း ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားတာ၊ လိုက်ဖမ်းရင်းသေနတ်နဲ့ခေါင်းကို ၁ ချက်တော့ ရိုက်မိသွားတယ် အမှောင်ထဲဆိုတော့ သေနတ်နဲ့ ပစ်လည်း မမှန်ဘူး” လို့ BTZM GBK PDFတပ်ခွဲမှူးတေဇမင်းက ပြောပါတယ်။

ထွန်းထွန်းဟာသန်းခေါင်စာကောက်ယူတဲ့အပြင်  စစ်ကောင်စီရဲ့အမာခံသတင်းပေးဖြစ်သလို စစ်ကောင်စီနဲ့ပေါင်းပြီး ကျေးရွာသားတွေအပေါ်မှာ PDFနဲ့ ဆက်နွယ်တယ်ဆိုကာ ဖမ်းဆီးငွေညှစ်တာတွေကိုလည်း ပြုလုပ်သူဖြစ်တယ်လို့ ဆိုပါတယ်။

ရာအိမ်မှူးနေအိမ်အပေါ်ထပ်ကနေ လေသေနတ်နဲ့ သန်းခေါင်းစာရင်းစာရွက်တွေကို သိမ်းဆည်းနိုင်ခဲ့ပြီး တွေ့ရှိတဲ့ပိုက်ဆံတွေကိုတော့ မိသားစုကိုပြန်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ကိုထွန်းထွန်းကိုတိုက်ခိုက်အပြီးမှာ ဒိုးနွယ်ရွာနဲ့ ၁ မိုင်လောက်သာဝေးတဲ့ ဘော်ဘင်ရွာက ပျူစောထီးတွေနဲ့စစ်သားအချို့ရောက်ရှိလာတဲ့အတွက် မီးကောက်ပင်ရွာထိပ်ကနေ အသင့်ထောင်ထားတဲ့ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့  ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brother GBK PDF၊ တပ်ခွဲ ၂ နတ်စစ်သည်အဖွဲ့နဲ့ BTZM GBK PDFတို့ပေါင်းကာတိုက်ခိုက်ခဲ့တာဖြစ်ပြီး BTZM GBKPDFနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ညနေပိုင်း ကြို့ပင်စခန်းအုပ်စုရာအိမ်မှူးသိန်းဦးကို ပစ်သတ်ရှင်းလင်းချိန်ကလည်း ၎င်းကို‌င်ဆောင်တဲ့လေသေနတ် ၁ လက်ကို သိမ်းယူနိုင်ခဲ့ပါသေးတယ်။

ပုံစာ - ကိုထွန်းထွန်းအိမ်ကိုဝင်ရောက်စဉ်တွေ့ရှိခဲ့တဲ့ ငွေသားအချို့နဲ့လေသေနတ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #သန်းခေါင်စာရင်း #ရာအိမ်မှူး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10