သပိတ်ကျင်းက စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

သပိတ်ကျင်းက စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်အုပ်စုအထိုင်ချထားတဲ့ စခန်းတခုကို  တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက် ၇ ဦးသေပြီး ၁၂ ဦးဒဏ်ရာရရှိသွားတယ်လို့  Northern Tigers Group (NTG) က သတင်းထုတ်ပြန်ထားပါတယ်။

သပိတ်ကျင်းမြို့နယ်၊ မန္တလေး - မိုးကုတ်လမ်း ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အင်အား ၆၀ ဦးလောက်နဲ့ တပ်စွဲနေချိန် နိုဝင်ဘာလ ၉ ရက် မနက် ၄ နာရီလောက်က Drone နဲ့  ဗုံးသီး ၉ လုံးချတဲ့အပြင်  မီတာ ၃၀ ခန့်အကွာလောက်ကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချိန် ၂ နာရီခန့်ကြာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 “လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချိန် ၂ နာရီလောက်တိုက်ခိုက်ကြတာ အပြန်အလှန်ပဲ ပစ်ကြတယ်။ ထိခိုက်သေဆုံးသူတွေရဲ့သတင်းတွေနဲ့ ပတ်သက်ပြီး နယ်မြေခံတွေဆီကတဆင့်  ပြန်လည်ကြားရတာ" လို့ Northern Tigers Group (NTG) အဖွဲ့တာဝန်ခံက ပြောပါတယ်။  

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရဲ့ အခြေအနေတွေကိုတော့ နယ်မြေခံတွေဆီကတဆင့် ပြန်သိရတာလို့လည်း ဆိုပါတယ်။       

အဲဒီတိုက်ခိုက်မှုကို Northern Tigers Group (NTG)၊ သပိတ်ကျင်းတိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့ဗိုလ်ကင်းတပ်ဖွဲ့နဲ့ သပိတ်ကျင်းမြို့နယ် (ပကဖ) တောဆင်ရိုင်းတပ်ဖွဲ့တို့က ပူးပေါင်းခဲ့တာလို့ သိရပါတယ်။ 

အောက်တိုဘာလ ၂၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ကနေ ဒီပဲယင်းမြို့ကို ဝင်ရောက်အထိုင်ချနေတဲ့ စစ်အုပ်စုကို Northern Tigers Group (NTG)နဲ့ ပူးပေါင်းအဖွဲ့က  ဗုံးသီးချတိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - လင်း 

 #မြေလတ်အသံ
#မန္တလေး #သပိတ်ကျင်း #ထိခိုက် #သေဆုံးမှု #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10