သပိတ်ကျင်းက စစ်ရှောင်တွေကို ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆန်လှူ

သပိတ်ကျင်းက စစ်ရှောင်တွေကို ကြာညှပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆန်လှူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ရှောင်တွေစားသုံးဖို့ လိုအပ်နေတဲ့ ဆန်ကို ဩဂုတ် ၁ ရက် မနေ့ကစတင်ကာ ပေးဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကြာညှပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၈ ရက်က ဧရာဝတီမြစ်တွင်း မောင်းနှင်နေတဲ့ စစ်သင်္ဘောတွေကနေ စစ်အင်အား ၃၀၀ ဝန်းကျင်လောက်က သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာ ၂ ရွာကို သေနတ်ပစ်ခတ်ကာ ဝင်ရောက်တပ်စွဲလာတာကြောင့် ဒေသခံစစ်ရှောင်ပြည်သူ ၁၃၀၀ ကျော်တိမ်းရှောင်နေရတာဖြစ်ပြီး လူဦးရေအိမ်ထောင်စုအလိုက် တပ်ဖွဲ့ရိက္ခာဆန်ထဲကနေ ထောက်ပံ့ပေးခဲ့တာလို့ဆိုပါတယ်။

“ပြည်သူတွေ အရေးပေါ်အခြေအနေ ဖြစ်နေလို့ ကိုယ့်တပ်ဖွဲ့ရိက္ခာထဲကနေ စစ်ရှောင်ပြည်သူတွေကိုတော့ တတ်နိုင်သလောက် ပြန်ပြီးထောက်ပံ့ဖြစ်တာပါဗျ။ လောလောဆယ်စားဖို့ ဆန်တမျိုးပဲလှူဒါန်းခဲ့တာပါ" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကြာညှပ်ရဲ့တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ရှောင်တွေအတွက် လိုအပ်ချက်တွေရှိနေသလို တပ်ဖွဲ့အတွက်လည်း လိုအပ်ချက်တွေရှိပေမယ့် တတ်နိုင်တဲ့ဘက်က ထောက်ပံ့ရတာပါလို့ သူကဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကြာညှပ်ဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလဆန်းလောက်ကလည်း စစ်ကိုင်းတိုင်းထဲက စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ငွေပေးအပ်ခဲ့တဲ့အပြင် ကျန်းမာရေးကုသမှုတွေလည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သပိတ်ကျင်း #စစ်ဘေးရှောင် #ဆန်လှူဒါန်း #PDF #ပကဖ #ကြာညှပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10