သပိတ်ကျင်းမှာ စစ်ကောင်စီကားတစီး မိုင်းဆွဲခံရ

သပိတ်ကျင်းမှာ စစ်ကောင်စီကားတစီး မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ဇန်နဝါရီလ ၂၁ ရက် ဒီနေ့ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် (ပကဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကြာညှပ်အဖွဲ့ဆီက သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ဗန်းမော် - မန္တလေးအမြန်လမ်းမ ဆယ်ဇင်းကုန်းရွာနဲ့ မင်းကုန်းရွာကြားမှာ ရှေ့ထွက်မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အထက်ထီးချိုင့်၊ တကောင်းဘက်ကနေ မန္တလေးဘက်ကို စစ်သားအင်အား ၂၀ လောက်က DC ၃ စီးနဲ့ ဆင်းလာတာကို ရှေ့ဆုံးကားကို မိုင်းဆွဲခဲ့တာပါ။ အဲဒီကားက ထိုးရပ်သွားတယ်။ စစ်သားတွေ အထိအခိုက်များတော့ ရမ်းပြီးပစ်နေလို့ အနားက ပြည်သူတွေ ရှောင်နေရတယ်" လို့ ကြာညှပ်အဖွဲ့က ပြောပါတယ်။

စစ်တပ်က ရမ်းသမ်းပစ်ခတ်တာတွေရှိပေမယ့် PDF ရဲဘော်တွေ အန္တရာယ်ကင်းခဲ့ပြီး မိုင်းထိတဲ့ကားကို ကျန်ကားတစီးက ဆွဲယူသွားပေမယ့် ထိခိုက်မှုစာရင်းကိုတော့ မသိရှိရဘူးလို့ သူကဆက်ပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီက လုံခြုံရေးချထားပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက နေ့စဥ်ဆိုသလိုတိုက်ခိုက်မှုတွေရှိပြီး လဝကရုံးနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေလည်းတိုက်ခိုက်ခံနေရပါတယ်။

သပိတ်ကျင်းမြို့နယ် (ပကဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကြာညှပ်အဖွဲ့ဟာ  ဇန်နဝါရီလ ၄ ရက်ညကလည်း သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာက ပျူစောထီးခေါင်းဆောင်လို့ သတင်းကြီးနေသူ ကိုထွန်းနိုင်ဆိုသူကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10