သပိတ်ကျင်းမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်

သပိတ်ကျင်းမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မူကျေးရွာအနီးမှာ စစ်ကိုင်းတိုင်း၊ ကသာနယ်ဘက်ကလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဖေဖေါ်ဝါရီလ ၁၇ ရက် ဒီမနက် ၅ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ - တကောင်းက သတင်းထုတ်ပြန်ထားပါတယ်။

နတ်မောက်အခြေစိုက် တမခ ၈၈ က စစ်သားအင်အား ၁၀၀ လောက်ဟာ ကား ၃ စီးနဲ့လာတာကို ကြိုပြီးသတင်းရတဲ့အတွက် ရှေ့ထွက်မိုင်း ၃ လုံး ပဒေသာမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တကောင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"နာရေးကားတွေရော ထွက်လာတယ်။ လူနာလာကောက်တာ နောက်မှသိရတာက နာရေးကားတွေက ခဏတာကူပေးပြီး မိုင်းစထိတာက နောက်ဆုံးကားဆိုတော့ ဒဏ်ရာရသူတွေနဲ့ သေဆုံးတဲ့လူတွေကို ရှေ့ကား ၂ စီးပေါ် မျှတင်တယ်။ မိုင်းထိတဲ့ကားကိုဆွဲပြီး တကောင်းမြို့ဘက်ကို ဆက်မောင်းသွားတယ်" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီတိုက်ခိုက်မှုကြောင့် ကား ၁ စီး ထိမှန်ခဲ့ပြီး စစ်သားတွေဘက်က မိနစ် ၃၀ ခန့်အကြာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၅ ရက်ညနေကလည်း သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ သစ်တပင်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ အင်အား ၄၀ ပါ ကားတစီးကို Special 9-HPDF နဲ့ပူးပေါင်းပြီး ရှေ့ထွက်မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10