သဖန်းဆိပ်ဆည်ရဲကင်းစခန်းတိုက်ပွဲ စစ်တပ်က လေကြောင်း၊ တင့်ကား ပစ်ကူနဲ့ ခုခံခဲ့ရ

သဖန်းဆိပ်ဆည်ရဲကင်းစခန်းတိုက်ပွဲ စစ်တပ်က လေကြောင်း၊ တင့်ကား ပစ်ကူနဲ့ ခုခံခဲ့ရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ရဲကင်းစခန်းတခုကို ဝင်ရောက်တိုက်ခိုက်စဉ် ၂ ဘက် ထိခိုက်သေဆုံးသူတွေရှိပြီး စစ်ကောင်စီဘက်က လေကြောင်း၊ တင့်ကားပစ်ကူတွေယူပြီး တိုက်ခိုက်ခဲ့ရတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၁ ရဲ့ ပြောခွင့်ရှိသူဆီက သိရပါတယ်။

ကျွန်းလှမြိုနယ်၊ သဖန်းဆိပ်ဆည်အနီးက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့် တပ်စွဲထားတဲ့ ဒေသအခေါ် ဆင်စွယ်စခန်း (သဖန်းဆိပ်ဆည်ရဲကင်းစခန်း)ကို နိုဝင်ဘာ ၃ ရက်က ကန့်ဘလူခရိုင်တပ်ရင်း ၂ ရင်းက ဝင်ရောက်စီးနင်းခဲ့တာလို့ ပြောပါတယ်။ 

တိုက်ခိုက်စဥ် ပြည့်သူ့ကာကွယ်ရေး ရဲဘော်  ၈ ဦး သေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ 

"ဘောလုံးကွင်းတကွင်းစာလောက်ပဲရှိတဲ့ စခန်းဝန်းထဲအထိကို အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စခန်းတော့ မသိမ်းနိုင်ခဲ့ဘူး" လို့ ကန့်ဘလူခရိုင်အမှတ် ၁ တပ်ရင်းက ကိုရန်ကြီးအောင်က ပြောပါတယ်။

တိုက်ခိုက်မှုစတင်ပြီး မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ပစ်ခတ်သလို ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး မွန်းလွဲ ၂ နာရီ လောက်မှာ တိုက်ပွဲပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ Mi 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ် ၁ စီးနဲ့  ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းကို စစ်အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကျွန်းလှမြို့နယ် #ရဲကင်းစခန်း #ကန့်ဘလူခရိုင်တပ်ရင်း #စခန်းသိမ်း #မြေလတ်သတင်း #တင့်ကား #လေကြောင်းပစ်ကူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10