သရက်ကန်ရွာမှာ ပျိုးနှုတ်နေတဲ့ ပြည်သူ ၅ ဦးအဖမ်းခံရ

သရက်ကန်ရွာမှာ ပျိုးနှုတ်နေတဲ့ ပြည်သူ ၅ ဦးအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကန်ရွာမှာ ပျိူးနှုတ်နေတဲ့ ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင် ၂၇ ရက် မနေ့ ညနေ ၅ နာရီကျော်လောက်မှာ ဖမ်းဆီးသွားတယ်လို့  Local Lark Guerrilla Revolution Force ဆီက သိရပါတယ်။

ခမရ ၇၀၂ နဲ့ ၇၀၈ နှစ်ဖွဲ့ပေါင်းပြီး အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သံဘိုကျေးရွာကနေထွက်လာပြီ အဲ့ဒီရွာနဲ့ တမိုင်လောက်ဝေးတဲ့ သရက်ကန်ကျေးရွာထဲကို လက်နက်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာချိန် ရွာပြင်မှာ ပျိုးနှုတ်နေတဲ့ ပေကုန်းရွာက ကိုအောင်မျိုးခန့်၊ ကိုချစ်သဲမောင်၊ ကိုချစ်နန်းဦး၊ ဦးညိုဝင်း နဲ့ သရက်ကန်ရွာသား ဦးဌေးဝင်း တို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

“သံဘိုကျေးရွာကနေ သရက်ကန်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာပါ။ ပြည်သူတွေကလည်း ရုတ်တရက်ဆိုတော့ ရှောင်တိမ်းချိန်မရလိုက်တာပါ ” လို့ Local Lark Guerrilla Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက သရက်ကန်ကျေးရွာကနေတဆင့် မဒေါင်းလှ(ပျူရွာ)ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။ အခုလက်ရှိအချိန်ထိ အဆိုပါပြည်သူ ၅ ဦးဟာ ကျေးရွာထဲကို ပြန်လည်ရောက်ရှိခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာလည်း မဒေါင်းလှရွာက ပျူစောထီးတပ်ဖွဲ့တွေဟာ ပေါက်တောကျေးရွာက ဦးတင်ရွှေရဲ့  နွား ၃ ကောင်နဲ့ ကိုအောင်နေလင်းရဲ့ ဆိပ်အုပ်ကို မဒေါင်းလှရွာထဲ မောင်းသွင်းသွားတယ်လို့လည်း ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခင်ဦး #ဒေသခံ #တောင်သူလယ်သမား #စိုက်ပျိုးရေး #စစ်ကောင်စီ #ဖမ်းဆီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10